DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ AIDS နေ့ အခမ်းအနား  မယ်တော်ဆေးခန်းတွင်ကျင်းပ (ဓာတ်ပုံ) 
DVB
·
December 1, 2023
ကမ္ဘာ့ AIDS နေ့ အခမ်းအနား  မယ်တော်ဆေးခန်းတွင်ကျင်းပ (ဓာတ်ပုံ) 
1 / 9
Donate to DVB

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ World AIDS နေ့ အခမ်းအနားကို  ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ  ဒီဇင်ဘာ ၁ ရက် ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။

ဒီနေ့ အခမ်းနားမှာတော့ ကမ္ဘာတဝန်း AIDS ရောဂါကြောင့် သေဆုံးခဲ့သူတွေကို လွမ်းဆွတ် အောင့်မေ့သတိရကြပြီး    AIDS ရောဂါဆိုင်ရာ ပညာပေးဟောပြောခဲ့ကြပါတယ်။

အခမ်းအနားကို ထိုင်းနိုင်ငံကကျန်းမာရေးအဖွဲ့တွေ မြန်မာဆေးဝန်ထမ်းတွေအပြင် မြဝတီ ကော့ကရိတ်မြို့နယ်တွေက  AIDS ရောဂါခံစားနေကြရသူတွေလည်း တက်ရောက်လာ ကြပါတယ်။

မဲဆောက်မြို့မှာ ART ဆေးသောက်နေရသူ ၂၀၀၀ ‌လောက်ရှိပြီး မြဝတီဘက်မှာလည်း ၂၀၀၀ လောက် ရှိနေပါတယ်။

မြန်မာတပြည်လုံးမှာတော့ HIV ပိုးကူးစက်ခံနေရသူ ၂၈၀၀၀၀ လောက်ရှိတယ်လို့ UNAIDS အဖွဲ့က ခန့်မှန်းထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်  ပိတ်ပင်ကန့်သတ်တားဆီးမှုတွေကြောင့် AIDS ဝေဒနာရှင်တွေ  ART  ဆေးဝါးရရှိရှိဖို့ ခက်ခဲနေကြရပါတယ်။

ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ကို နှစ်စဉ်  ဒီဇင်ဘာ ၁ ရက်နေ့ ရောက်တိုင်း ကမ္ဘာအနှံ့မှာ ကျင်းပလေ့ရှိတာဖြစ်ပြီး ဒီနေ့ဟာ HIV ပိုးကြောင့်ဖြစ်ပွားတဲ့ AIDS  ရောဂါ ကူးစက်ပျံ့နှံ့မှုကို အများပြည်သူတွေ သတိရှိစေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်။ 

အခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့  “Let communities lead” “အေအိုင်ဒီအက်စ် ကင်းဝေးရေး၊ ပြည်သူလူထု ဦးဆောင်ပေး”လို့   သတ်မှတ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013