DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားနယ်စပ်မှ အသံချဲ့စက်ဖြင့် ဝါဒဖြန့်ထုတ်လွှင့်ရန် မြောက်ကိုရီးယား စဉ်းစားနေ
DVB
·
October 20, 2026
Photo: KCNA WEBSITE / SOUTH KOREA'S DEFENCE MINISTRY HANDOUT / REUTERS
Photo: KCNA WEBSITE / SOUTH KOREA'S DEFENCE MINISTRY HANDOUT / REUTERS
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်ပြီး ဩဇာအာဏာရှိသူ ကင်မ်ယိုးဂျုံက တောင်ကိုရီးယားနဲ့ နယ်စပ်နားမှာ နည်းဗျူဟာမြောက်လက်နက်တွေ ထပ်ချထားဖို့နဲ့ အသံချဲ့စက်သုံးပြီး ကြေညာချက်တွေ ထုတ်လွှင့်တာကို ပြန်စဖို့ စဉ်းစားနေတယ်လို့ အောက်တိုဘာ ၁၉ ရက်မှာ နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလမှာ မြောက်ကိုရီးယားဘက်က နယ်စပ်ဒေသမှာ ခံတပ်အကာအရံတွေ အခိုင်အမာ စတင်တည်ဆောက်လာပြီးတဲ့နောက် ကိုရီးယား ၂ နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

၂ နိုင်ငံအကြားမှာ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ စစ်မဲ့ဇုန် (DMZ) ရှိနေပါတယ်။

မြောက်ကိုရီးယားဘက်က အခုနှစ်အတွင်း မိုင်းတွေထောင်တာနဲ့ ခြံစည်းရိုးတွေ ကာရံတာအတွက် လူအင်အား ၇,၀၀၀ လောက်အထိ သုံးခဲ့ပြီး နယ်စပ်မျဉ်းကို ကျော်ဖြတ်ဝင်ရောက်မှု အကြိမ် ၅၀ လောက် ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားထောင်ထားတဲ့ မိုင်းတွေ ပေါက်ကွဲလို့ တောင်ကိုရီးယားစစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောပြီး မြောက်ကိုရီးယား အစိုးရက ခံတပ်တည်ဆောက်ရေး လုပ်ငန်းတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဩဂုတ် ၁ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ တောင်ကိုရီးယားဘက်က အသံချဲ့စက်တွေနဲ့ သတိပေးချက် ၂,၈၇၀ ကြိမ် ထုတ်လွှင့်ခဲ့ပြီး သတိပေးပစ်ခတ်မှု ၂၀၁ ကြိမ် လုပ်ခဲ့တယ်လို့  ကင်မ်ယိုးဂျုံက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ခံတပ်တည်ဆောက်ရေး လုပ်ငန်းတွေကို တန်ပြန်တဲ့အနေနဲ့ နယ်စပ်နားမှာ သူတို့ လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေကို တောင်ကိုရီးယားဘက်က ထုတ်မပြောသေးပါဘူး။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဆီက တုံ့ပြန်မှတ်ချက်ကို ချက်ချင်း ရယူနိုင်ခြင်း မရှိသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013