DVB Logo
Home
နိုင်ငံတကာ
ကနေဒါသတ္တုတွင်းကုမ္ပဏီ၏ ကြေးနီတွင်းကို ပနားမား ပိတ်သိမ်း
DVB
·
November 29, 2023
ကနေဒါသတ္တုတွင်းကုမ္ပဏီ၏ ကြေးနီတွင်းကို ပနားမား ပိတ်သိမ်း
Donate to DVB

ပနားမားနိုင်ငံရဲ့ တရားရုံးချုပ်က ကနေဒါ သတ္တုတွင်းကုမ္ပဏီ First Quantum ရဲ့ ကြေးနီစီမံကိန်းစာချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကြေညာလိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ အဲဒီကုမ္ပဏီရဲ့ အကျိုးအမြတ်များတဲ့ ကော့ဘရီ ပနားမား ကြေးနီတွင်းကို ပိတ်ပစ်တော့မှာဖြစ်ကြောင်း ပနားမားသမ္မတ လော်ရန်တီနို ကော်တီဇိုက နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့ စီရင်ချက်ကို ကြေညာပြီးပြီးချင်းမှာ ဒါကို တရားဝင်ပြန်တမ်းမှာ ချက်ချင်းထုတ်ပြန်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး မိုင်းတွင်းကို စနစ်တကျနဲ့ လုံခြုံဘေးကင်းစွာ ပိတ်သိမ်းဖို့အတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို စတင်မှာဖြစ်ကြောင်း သမ္မတ ကော်တီဇိုက ပြောပါတယ်။

ဒီပိတ်သိမ်းခြင်းလုပ်ငန်းစဉ်ရဲ့ ပနားမား လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်၊ အလုပ်သမား၊ လူမှုရေး၊ စီးပွားရေးနဲ့ ဥပဒေဆိုင်ရာ အကျိုးဆက်တွေအပေါ် သက်ရောက်မှုတွေကြောင့် နိုင်ငံတနိုင်ငံအနေနဲ့ အစိုးရဆုံးဖြတ်ချက်တိုင်းကို တာဝန်သိသိနဲ့ ဆုံးဖြတ်ရမှာဖြစ်ကြောင်းလည်း ပနားမားသမ္မတက အင်္ဂါနေ့ညနေက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။

စီရင်ချက်ချပြီးနောက်မှာ လမ်းမတွေပေါ်မှာ အလံတွေကိုင်ဆောင်ကာ ဆန္ဒပြသူတွေကိုလည်း မြင်တွေ့ရပါတယ်။

ဒီစီရင်ချက်ကို တရားဝင်ပြန်တမ်းမှာ မထုတ်ပြန်မချင်း ဆန္ဒဆက်ပြသွားမယ်လို့ ဆိုရှယ်မီဒီယာပေါ်ရှိ ဆန္ဒပြအဖွဲ့တွေက ပြောပါတယ်။

ကော့ဘရီ ပနားမား ကြေးနီစီမံကိန်းကြောင့် နိုင်ငံအတွင်း လူအများ ဒေါသထွက်ခဲ့ကြပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

မိုင်းတွင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ကနဦးမှာ သေးငယ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စအဖြစ် စတင်ခဲ့ပေမဲ့ စာချုပ်အရ ရက်ရောလွန်းတယ်ဆိုတဲ့ စွဲချက်တင်မှုတွေကြောင့် အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအဖြစ် ကျယ်ပြန့်လာခဲ့ပါတယ်။

အငြင်းပွားနေတဲ့ စာချုပ်ကို ပနားမားအစိုးရက ပြီးခဲ့တဲ့လမှာ သဘောတူခဲ့ပြီး First Quantum ကုမ္ပဏီကို နောက်ထပ် အနှစ် ၂၀ သတ္တုတွင်းလုပ်ပိုင်ခွင့်ကို သက်တမ်းတိုးခွင့် ပေးထားခဲ့တာပါ။ အဲဒီအတွက် ပနားမားအစိုးရကို နှစ်စဉ် ဝင်ငွေ ဒေါ်လာ ၃၇၅ သန်း ကုမ္ပဏီက ပြန်ပေးပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013