DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စရန် သဘောတူ
DVB
·
November 29, 2023
ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စရန် သဘောတူ
Donate to DVB

ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်သူပုန်တွေဟာ ၆ နှစ်ကြာ ရပ်ဆိုင်းထားပြီးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ သဘောတူခဲ့ကြပြီး ဆယ်စုနှစ်များစွာကြာနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ဖို့ ရည်မှန်းထားတယ်လို့ အစိုးရနဲ့ သူပုန် နှစ်ဖက်စလုံးနဲ့ ကြားခံညှိနှိုင်းရေးမှူး နော်ဝေတို့ အပါအဝင် သုံးဖက်စလုံးက နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ (CPP) ရဲ့ စစ်ဝါဒီ အာဏာပိုင်တွေနဲ့ ဖိလစ်ပိုင် ပြည်သူ့တပ်မတော် (NPA) တို့ကြား သွေးထွက်သံယို ပဋိပက္ခဟာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီး လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့တာပါ။

အဓိကအတားအဆီးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ “ငြိမ်းချမ်းရေးအတွက် ဘုံမျှော်မှန်းချက်”ကို အစိုးရနဲ့ သူပုန် နှစ်ဖက်စလုံးက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွေ ပြီးခဲ့တဲ့သီတင်းပတ်က သဘောတူခဲ့ကြတယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

တကယ်လို့ စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်ရင် သူပုန်တွေဟာ လက်နက်ကိုင်တော်လှန်မှုကို အဆုံးသတ်ပြီး နိုင်ငံရေးလှုပ်ရှားမှုအဖြစ် အသွင်ပြောင်းသွားမယ်လို့ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

နော်ဝေနိုင်ငံဟာ ဖိလစ်ပိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အနှစ် ၂၀ နီးပါးကြာအောင် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013