DVB Logo
Home
နိုင်ငံတကာ
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် ဒေါ်လာ ၁၀၀ ဘီလီယံ လိုအပ်ဟု သီရိလင်္ကာသမ္မတ ပြော
DVB
·
November 29, 2023
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် ဒေါ်လာ ၁၀၀ ဘီလီယံ လိုအပ်ဟု သီရိလင်္ကာသမ္မတ ပြော
Donate to DVB

သီရိလင်္ကာနိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ရာသီဥတုဖောက်ပြန်မှုကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ရေး ကြိုးစားနေလို့ ၂၀၄၀ ပြည့်နှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှု သုည ဖြစ်လာအောင် လုပ်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လိုအပ်တယ်လို့ သမ္မတ ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

သီရိလင်္ကာဟာ အကြွေးတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေကို အာရုံစိုက်မယ်လို့လည်း သမ္မတ ဝစ်ကရာမန်ဆင်းဂ်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ပြောပါတယ်။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘွန်းစာချုပ်တွေကို အသုံးချဖို့ အစီအစဉ်က ချက်ချင်းမရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အိန္ဒိယနိုင်ငံ တောင်ဘက်စွန်းက လူဦးရေ ၂၂ သန်းရှိတဲ့ ကျွန်းနိုင်ငံလေး သီရိလင်္ကာဟာ မနှစ်က နိုင်ငံခြားအရန်ငွေပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်အပြီး ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ဒူဘိုင်းမြို့မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (COP28) မှာ ဒေသတွင်း အဆိုပြုချက် နှစ်ရပ်ကို ချမှတ်သွားမှာဖြစ်ပြီး အပူပိုင်းနိုင်ငံတွေနဲ့ ပူးပေါင်းကာ ရာသီဥတု ပြောင်းလဲမှုကို စုပေါင်းတိုက်ဖျက်ဖို့နဲ့ အိန္ဒိယသမုဒ္ဒရာကို ကာဗွန်စုပ်ခွက်အဖြစ် မြှင့်တင်ဖို့ အာရုံစိုက်ရေး မျှော်လင့်ထားပါတယ်။

သီရိလင်္ကာနိုင်ငံသား ၁၉ သန်းနီးပါးဟာ ၂၀၅၀ ပြည့်နှစ်မှာ ရေလွှမ်း၊ မိုးခေါင်မယ့် အခြေအနေတွေ အလယ်အလတ် ဒါမှမဟုတ် ပြင်းထန်လာနိုင်တဲ့ နေရာတွေမှာ နေထိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013