DVB Logo
Home
နိုင်ငံတကာ
နယူးဇီလန်တွင် ဆေးလိပ်ရောင်းချမှုတားမြစ်သည့် ဥပဒေ ရုပ်သိမ်းမည့်အစီအစဉ် ဝေဖန်ခံရ
DVB
·
November 28, 2023
နယူးဇီလန်တွင် ဆေးလိပ်ရောင်းချမှုတားမြစ်သည့် ဥပဒေ ရုပ်သိမ်းမည့်အစီအစဉ် ဝေဖန်ခံရ
Donate to DVB

နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်ရောင်းချမှုတားမြစ်ရေး ဥပဒေကို ပြန်လည်ရုပ်သိမ်းမယ့် အစီအစဉ်ဟာ အသက်များစွာအပေါ် ခြိမ်းခြောက်နေတယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ စည်းရုံးလှုံ့ဆော်သူတဦးက ပြောလိုက်ပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ်သစ် ခရစ္စတိုဖာလက်စ်ဆွန် ဦးဆောင်တဲ့ ဗဟိုလက်ယာယိမ်း ညွန့်ပေါင်းအစိုးရက အနာဂတ် မျိုးဆက်သစ်အတွက် ရည်ရွယ်ထားခဲ့တဲ့ ဥပဒေတွေကို ဖျက်သိမ်းနိုင်ဖို့အတွက် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

အဲ့ဒီဥပဒေတွေကို လေဘာပါတီ ဦးဆောင်တဲ့ အရင်အစိုးရဟောင်းက ပြဋ္ဌာန်းခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ညွန့်ပေါင်းသဘောတူညီချက်အရ သိရပါတယ်။

ASH အဖွဲ့ရဲ့ ဒါရိုက်တာ ဘန်ယူဒန် ကတော့ ဒီစီမံချက်တွေဟာ “လူထောင်ပေါင်းများစွာနဲ့ အသက်ထောင်ပေါင်းများစွာကို ကယ်တင်နိုင်မယ့်” ကမ္ဘာ့ထိပ်တန်းမူဝါဒတခု ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နောက်ပိုင်း မွေးဖွားသူမှန်သမျှကို ဒီဥပဒေတွေက ဆေးလိပ်ရောင်းချခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီထဲမှာ သောက်သုံးနိုင်တဲ့ ဆေးရွက်ကြီး ထုတ်ကုန်တွေရဲ့ နီကိုတင်းပမာဏ ခွင့်ပြုချက်ကို လျှော့ချထားတဲ့အပြင် ဆေးလိပ်ရောင်းချနိုင်တဲ့ လက်လီသမား အရေအတွက်ကိုပါ ၉၀ ရာခိုင်နှုန်းကျော်အထိ ဖြတ်တောက်နိုင်ဖို့လည်း ပါဝင်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013