DVB Logo
Home
အားကစား
ရှမ်းယူနိုက်အသင်းကို ဩစ‌တြေးလျက ပြည်ဝင်ခွင့်ဗီဇာမပေး
DVB
·
November 28, 2023
ရှမ်းယူနိုက်အသင်းကို ဩစ‌တြေးလျက ပြည်ဝင်ခွင့်ဗီဇာမပေး
Donate to DVB

ဩစတြေးလျကလပ် မက်အာသာအသင်းနဲ့ AFC ဖလား ယှဉ်ပြိုင်ရမယ့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းကို ဩစတြေးလျ ဖက်ဒရယ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ဘူးလို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ AFC ဖလား အုပ်စုပွဲစဉ်အဖြစ် ဩစတြေးလျနိုင်ငံမှာ နိုဝင်ဘာ ၃၀ ရက်နေ့ မက်အာသာအသင်းနဲ့ ကစားဖို့ရှိပေမဲ့ ဩစတြေးလျဖက်ဒရယ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာပေးဖို့ကို ငြင်းပယ်ခဲ့တာပါ။

မက်အာသာအသင်းဟာ ပွဲမဖြစ်မြောက်ပါက ကလပ်နဲ့ ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်တို့ကို အာရှ‌ဘောလုံးအဖွဲ့ချုပ်က အရေးယူမှာဖြစ်တဲ့အတွက် အဆိုပါပွဲကို ဩစတြေးလျနိုင်ငံအစား ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ BG ပထုံအသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဩစတြေးကလပ် မက်အာသာအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ဟာ အုပ်စု ပထမအကျော့အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မက်အာသာအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရထားပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ AFC ဖလား အုပ်စု စ မှာ ၄ ပွဲကစား ရမှတ် ၁ မှတ်သာ ရရှိထားပြီး ၂ ပွဲကစားဖို့ ကျန်ရှိနေပေမဲ့ အုပ်စုအဆင့်က ထွက်ခွာခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013