DVB Logo
Home
အားကစား
ချန်ပီယံလိဂ် အုပ်စုပထမနေရာရရန် အရေးကြီးဟု နည်းပြဂွါဒီယိုလာပြော
DVB
·
November 28, 2023
ချန်ပီယံလိဂ် အုပ်စုပထမနေရာရရန် အရေးကြီးဟု နည်းပြဂွါဒီယိုလာပြော
Donate to DVB

ဥရောပချန်ပီယံလိဂ်မှာ အုပ်စုပထမနေရာရဖို့အရေးကြီးကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ အုပ်စုပွဲစဉ်လက်ကျန်နှစ်ပွဲအလိုမှာ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပေမဲ့ အုပ်စုပထမနေရာအတွက် လိုက်ပ်ဇစ်အသင်းနဲ့ပွဲစဉ်ကို အနိမ့်ဆုံး သရေကစားနိုင်ဖို့ လိုအပ်နေတာပါ။

အုပ်စုပထမနေရာရဖို့အတွက် လိုက်ပ်ဇစ်အသင်းကို အနိုင် ဒါမှမဟုတ် သရေရရှိအောင်က စားသွားရမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

၁၆သင်း အဆင့်မှာ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာက အဆုံးအဖြတ်မဟုတ်သည့်တိုင် အားသာ ချက်ရရှိစေတာဖြစ်လို့ အုပ်စုပထမနေရာရဖို့ အရေးပါကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

လိုက်ဇစ်နဲ့ပွဲမှာ ဂျွန်စတုန်းစ်ပါဝင်နိုင်မှာမဟုတ်သလို ဂရေးလစ်ရှ်၊ ကိုဗစ်ချစ်နဲ့ နူနက်ဇ်တို့လည်း ဆက်လက်လွဲချော်မှာဖြစ်ကြောင်း ဂွါဒီယိုလာက အသိပေးသွားပါတယ်။  

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013