
ကမ္ဘာ့ဖလား အုပ်စု L နောက်ဆုံးပွဲစဉ်အဖြစ် ပနာမားကို (၂-၀) ဂိုးနဲ့အနိုင်ရတဲ့ ပွဲမှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အနိုင်ဂိုး ၁ ဂိုးသွင်းယူပေးခဲ့ပြီး ဂယ်ရီလီနီကာရဲ့ ၃၆ နှစ်ကြာ ကမ္ဘာ့ဖလားဂိုးသွင်းစံချိန်ကို ချိုးဖျက်လိုက်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်မှာ စုစုပေါင်း ၁၁ ဂိုးအထိ သွင်းယူထားတဲ့ ကိန်းဟာ ဒီစံချိန်သစ်ကြောင့် အင်္ဂလန်ရဲ့ သမိုင်းတလျှောက် အကြီးကျယ်ဆုံးတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားမှာ အစွမ်းအထက်ဆုံး ကစားသမားတယောက် ဖြစ်လာခဲ့တာပါ။
ကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာကတည်းက လီနီကာရဲ့ စံချိန်ကို လိုက်မီခဲ့ပြီး ဒီကနေ့မနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပနားမားနဲ့ပွဲ ၆၇ မိနစ်မှာ တဂိုးသွင်းယူပြီး စံချိန်ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်ရဲ့ လှပတဲ့ ဖြတ်တင်ဘောကို ကိန်းက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် ဘယ်လင်ဂမ်က ၁ ဂိုး ဟယ်ရီကိန်းက ၁ ဂိုး သွင်းယူပေးခဲ့ပြီး ပနာမားကို (၂-၀) ဂိုးနဲ့အနိုင်ရကာ အုပ်စု L မှာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။










