
ဟားမတ်စ်တို့ ဖမ်းဆီးခံရအပြီး ပြန် လွတ်လာတဲ့ ဒုတိယအသုတ် ဓားစာခံတွေကို အစ္စရေးနိုင်ငံဆီ ပြန်ခေါ်တဲ့ စစ်ဆင်ရေးကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုဝင်ဘာ ၂၆ ရက်က အနီးကပ် စောင့်ကြည့်နေခဲ့ ပါတယ်။
နေတန်ယာဟုဟာ အမျိုးသားလုံခြုံရေးအကြံပေး ဇာချီ ဟဲနက်ဘီနဲ့ တခြားစစ်ဘက်အရာရှိတွေနဲ့ အတူ တဲလ်အဗစ်မြို့က စစ်ဌာနချုပ်ကနေ စောင့်ကြည့်ခဲ့တာပါ။
စစ်ပွဲရဲ့ ပထမအကြိမ် အပစ်အခတ်ရပ်စဲရေး ဒုတိယနေ့မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေက အစ္စရေးအမျိုးသမီးတွေ ကလေးငယ်တွေအပြင် ထိုင်းလယ်ယာ လုပ်သားတွေ အပါအဝင် ဓားစာခံ ၁၇ ဦးကို လွှတ်ပေးခဲ့တယ်လို့ ကြက်ခြေနီအသင်းက ပြောပါတယ်။
ရက်ပေါင်း ၅၀ ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် အရွယ်ရောက်ပြီးသူ အမျိုးသမီး ခြောက်ဦးနှင့် ကလေးခုနစ်ဦးနှင့် ဆယ်ကျော်သက်တွေကို ဓားစာခံသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာက ဟားမတ်စ်တို့က စနေနေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သုံ့ပန်းတွေထဲမှာ အစ္စရေး နိုင်ငံသား ၁၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၄ ဦး လွတ်မြောက်ရေး သဘောတူညီချက်ဟာ အစောပိုင်းမှာ အကူအညီပေးရေးကိစ္စ အငြင်းပွားမှုကြောင့် ခဏတာ အနှောက်အယှက်ဖြစ်ခဲ့ပြီးတဲ့နောက် ကာတာနဲ့ အီဂျစ်နိုင်ငံတို့ရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့အတူ ညပိုင်းမှာ တရားဝင်အောင်မြင်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင် ဒေသကနေ အစ္စရေးနဲ့ ထိုင်းဓားစာခံတွေကို တင်လာတဲ့ ကားတန်းဟာ နိုဝင်ဘာ ၂၆ ရက် အစောပိုင်းမှာ ဂါဇာ ကမ်းမြောင်ဒေသကနေ အစ္စရေးနိုင်ငံဆီ ဦးတည်တဲ့ လမ်းတလျှောက် ရွေ့လျား ရောက်ရှိ လာခဲ့တာပါ။
ယာယီ အပစ်အခတ်ရပ်စဲရေးကို ခြိမ်းခြောက်နေတဲ့ အကူအညီ ပေးရေး ပဋိပက္ခက ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင် ဖျန်ဖြေမှုကြောင့် ကျော်ဖြတ်နိုင်ခဲ့ပေမယ့် လေးရက်အတွင်း ပါလက်စတိုင်း အကျဉ်းသားအယောက် ၁၅၀ ကျော်ကို အစ္စရေး ဓားစာခံ အယောက် ၅၀ နဲ့ လဲဖို့ သဘောတူညီချက်ရဲ့ ခိုင်မာမှုကို မီးမောင်း ထိုးပြခဲ့ပါတယ်။
Source/Photo-Reuters










