DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရသူ ဦးရေ တိုးလာ
DVB
·
November 26, 2023
တရုတ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရသူ ဦးရေ တိုးလာ
Donate to DVB

တရုတ်နိုင်ငံရှိ စာသင်ကျောင်းများနှင့် ဆေးရုံများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရသူ ဦးရေ တိုးလာလို့ ရောဂါအချက်အလက်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ထူးထူးခြားခြား ဒါမှမဟုတ် ရောဂါပိုး အသစ်အဆန်းတွေကို မတွေ့ခဲ့ဘူးလို့ WHO က နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံဟာ တင်းကျပ်တဲ့ COVID-19 ကန့်သတ်ချက်တွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ရုပ်သိမ်းပြီးတဲ့နောက် ပထမဆုံး ဆောင်းရာသီကို ရောက်လာလို့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ခံဦးရေ တိုးလာတာကို ရင်ဆိုင်နေရပြီး ဘေဂျင်းနဲ့ လျောင်နင်းပြည်နယ်တို့လို မြောက်ပိုင်းဒေသတွေမှာ ကလေးတွေမှာ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားနေပါတယ်။

ဆောင်းရာသီနဲ့ နွေဦးရာသီမှာ တုပ်ကွေးရောဂါကူးစက်မှု အထွတ်အထိပ်ကို ရောက်နိုင်ပြီး အနာဂတ်မှာ တချို့နေရာတွေမှာ မိုင်ကို ပလတ်စမာ နမိုးနီးယား အဆုတ်ယောင်ရောဂါ ကူးစက်မှု ဆက်လက်မြင့်မား နေဦးမယ်လို့ တရုတ်နိုင်ငံတော်ကောင်စီက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ပြန်နာလန်ထလာနိုင်တဲ့ အန္တရာယ်ကိုလည်း သတိပေးထားပါတယ်။ ကလေးတွေမှာ ကူးစက်တဲ့ ရောဂါအမည်မဖော်ရ သေးတဲ့ အဆုတ်ရောင်ရောဂါ ကူးစက်ခံ အုပ်စု အတွက် ထွန်းသစ်စရောဂါများ စောင့်ကြည့်ရေး အစီအစဉ်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး WHO က တရုတ်နိုင်ငံဆီက သတင်းအချက်အလက်တွေ ပိုမိုတောင်းခံလာခဲ့တာပါ။ အခုသီတင်းပတ်ထဲမှာ ဒီအခြေအနေက မီးမောင်း ထိုးပြစရာ ဖြစ်လာခဲ့ ပါတယ်။

တရုတ်နိုင်ငံနဲ့ WHO တို့ဟာ ၂၀၁၉  ခုနှစ်နှောင်းပိုင်းမှာ တရုတ်အလယ်ပိုင်းမြို့ ဝူဟန်မှာ စတင်တဲ့ အစောဆုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေကြရ ပါတယ်။

တရုတ်က တောင်းဆိုမှုကိုတုံ့ပြန်ခဲ့ပြီး သူတို့ ပေးပို့တဲ့ အချက်အလက်တွေအရ မိုင်ကိုပလတ်စမာ အဆုတ်ယောင်ရောဂါလို ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေ ပြန့်ပွားနှုံးဟာ ကိုဗစ်ဆိုင်ရာ တားမြစ်ချက် တွေကိုရုတ်သိမ်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ WHOက သောကြာနေ့မှာပြောပါတယ်။

မိုင်ကို ပလတ်စ်မာအဆုတ်ယောင်ရောဂါဟာ မေလကတည်းက ကူးစက်နေတဲ့ ပုံမှန်အားဖြင့် ကလေးတွေကို ထိခိုက်စေတဲ့ ဖြစ်နေကျ ဘက်တီးရီးယားကူးစက်မှုမျိုး ဖြစ်တယ်လို့လဲ WHOက ပြောခဲ့ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013