DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တက္ကသိုလ် Non-CDM အယောက် ၇၀ အပါအဝင် ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
DVB
·
November 24, 2023
လွိုင်ကော်တက္ကသိုလ် Non-CDM အယောက် ၇၀ အပါအဝင် ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Donate to DVB

တိုက်ပွဲဖြစ်နေတဲ့ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမ၊ ဝန်ထမ်း အယောက် ၇၀ အပါအဝင် စုစုပေါင်း ၁၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့ပြီး‌နောက်မှာ နေ့ရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ လွှဲပြောင်း အပ်နှံလိုက်ပြီလို့ ကရင်နီပြည် ကြားကာအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ် ပြန်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ Non-CDM ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် လွှဲပြောင်းလိုက်တဲ့သူတွေထဲမှာ လွိုင်ကော်တက္ကသိုလ်နဲ့ စက်မှု လက်မှုသိပ္ပံတို့က နည်းပြ၊ သရုပ်ပြတွေ အပါအဝင် တခြားအဆင့် ဝန်ထမ်းတွေ၊ မှီခိုမိ သားစုဝင်တွေကိုပါ နာမည်၊ ရာထူးတွေနဲ့တကွ ဖော်ပြထားခဲ့တာပါ။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာတော့ လွိုင်ကော်တက္ကသိုလ်  ဆရာမဆရာတွေကို ကရင်နီလက်နက်ကိုင်တပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့  သတင်းမှားဖြန့်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကစတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မှာ ပိတ်မိနေတဲ့ UN နဲ့ INGO ဝန်ထမ်း ၂၀၀ ကျော်ကိုလည်း တောင်ကြီးမြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဒေသတွင်း တိုက်ပွဲတွေကြောင့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲတွေကို  အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပြီးတော့ ကရင်နီဒေသ အနှံ့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေကြား နိုဝင်ဘာ ၁၁ ရက်ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း နေရပ်မြို့ကို ခေတ္တစွန့်ခွာတိမ်းရှောင်ဖို့ တောင်းဆိုထားတာကြောင့် မြို့ခံလူဦးရေ ၄၀,၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

https://www.facebook.com/permalink.php?story_fbid=pfbid022RvyR25iDHFiGATkShGv5mzEqAvCfG4ngfTNAT9qJ5tyW2J7wqZ1GJSt9RBGn8Pgl&id=100092593235157
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013