DVB Logo
Home
မြန်မာသတင်း
မင်းကင်းရဲတပ်ဖွဲ့ဝင်များ ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထွက်ပြေး
DVB
·
November 24, 2023
မင်းကင်းရဲတပ်ဖွဲ့ဝင်များ ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသမှာ စစ်ကောင်စီတပ်က ကိုယ့်စခန်းကိုယ် နိုဝင်ဘာ ၂၃ ရက် နေ့ မနက် ၉ နာရီခွဲလောက်မှာ မီးရှို့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ထွက်ပြေးသွားတဲ့ ရဲစခန်းဟာ ကလေး-ယာကြီးလမ်းပိုင်း အဆင့်မြင့်တင် လမ်းလုပ်ငန်းကို လုံခြုံရေးအစောင့်ပြုလုပ်ပေးနေတဲ့ ဒလင်ကောနယ်မြေခံ ရဲစခန်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသားတဦးက "စခန်းမီးရှို့ပြီး ထွက်ပြေးသွားတဲ့ ရဲတွေက ကြာပင်ရွာ ရဲစခန်းစီ ပေါင်းသွားတယ်။  ကာကွယ်ရေးအဖွဲ့က ဝင်စခန်းသိမ်းမှာကို ကြောက်ပြီး ထွက်ပြေးတာ ဖြစ်နိုင်တယ်" လို့ ပြောပါတယ်။

ဒလင်ကောရဲစခန်းဟာ စစ်ကောင်စီရဲအင်အား ၂၀ ခန့်နေတဲ့ စခန်းဖြစ်တယ်လို့လည်း ဒေသခံ တွေက ပြောပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီအထိုင်ချရာ ရုံး၊ ဌာန နေရာများအနီးကို ပြည်သူတွေ ဖြတ်သန်းသွားလာ နေထိုင်တာ မပြုလုပ်ကြဖို့ အသိ ပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013