DVB Logo
Home
မြန်မာသတင်း
ပေါက်တောတိုက်ပွဲတွင် စစ်တပ်က ၄၈ ဦးသေဆုံး၊ ဓားစာခံ ၁၀၄ ယောက်ကို ထပ်မံကယ်ထုတ်
DVB
·
November 24, 2023
ပေါက်တောတိုက်ပွဲတွင် စစ်တပ်က ၄၈ ဦးသေဆုံး၊ ဓားစာခံ ၁၀၄ ယောက်ကို ထပ်မံကယ်ထုတ်
Donate to DVB

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၈ ယောက်သေဆုံးကာ ဓားစာခံ ၁၀၄ ယောက်ကို ထပ်မံကယ်ထုတ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၃ ရက် ညပိုင်းမှာ ရက္ခိုင့်တပ်တော်အေအေက ထုတ်ပြန်ပါတယ်။

ဓားစာခံကယ်တင်ရေး ပထမနေ့ နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ ခုက စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကာ ဒုတိယနေ့ နိုဝင်ဘာ ၂၃ ရက်မှာလည်း စစ်သား ၁၈ ယောက် ရှင်းလင်းနိုင်ခဲ့ပြီး ၁၈ ယောက် ဒဏ်ရာရသွား တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဆီက ဒရုန်းစက်၊ လက်နက်ခဲယမ်းတွေအပါဝင် စစ်အသုံးဆောင်ပစ္စည်း တွေ သိမ်းဆည်းရရှိကာ မြို့တွင်းက နေအိမ်တချို့မှာ ပုန်းအောင်းနေတဲ့ ဓားစာခံပြည်သူ ၁၀၄ ယောက်ကို ဒုတိယအသုတ်အနေနဲ့ ထပ်မံကယ်ထုတ်ကာ လုံခြုံတဲ့နေရာကို ပိုဆောင်ပေးထား တယ်လို့ ဖော်ပြထားပါတယ်။

ရဟန်းသံဃာတွေ၊ သက်ကြီးရွယ်အိုတွေ၊၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ပါဝင်တဲ့ ပေါက်တောဒေသခံတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်ကတည်းက လူသားဒိုင်းနဲ့ ဓားစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားပြီးနောက် နိုဝင်ဘာ ၂၁ ရက်မှာတော့ ဓားစာခံတွေထဲက အယောက် ၁၂၀ ကို ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်တွေက ပထမအသုတ်အနေနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ပေးခဲ့ကြောင်း ဆိုပါတယ်။ 

နိုဝင်ဘာ ၂၂ ရက်မှာတော့ စစ်ကောင်စီလက်ထဲ ဖမ်းဆီးခံထားရတဲ့ ဓားစားခံတွေနဲ့ မြို့တွင်းရှိ နေအိမ်တချို့မှာ ပုန်းအောင်းနေကြတဲ့သူတွေအားလုံး ၁၀၄ ယောက်ကို ဒုတိယအသုတ်အနေနဲ့ ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး သူတို့ကို လုံခြုံစိတ်ချရသောနေရာတွေဆီ ဆက်လက်ပို့ဆောင်နေတယ် လို့လည်း ဆိုပါတယ်။ 

ဓားစာခံကယ်တင်ရင်း ပထမနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကိုရှင်းလင်းနိုင်ပြီး ဒုတိယနေ့မှာတော့ ပေါက်တောမြို့တွင်း နေရာ ၃ နေရာကစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ယောက်ကို ထပ်မံရှင်းလင်းနိုင်ခဲ့ကာ ဒရုန်းစက်တွေအပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်း တချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း AA ကထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် ပေါက်တောမြို့ကို နေဗီ ၅ စီးနဲ့ ဝိုင်းထားကာ နေဗီအမှတ် ၂၃ က နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ အတွဲလိုက် ဒုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပေါက်တောမြို့ ဘဝမ်းရပ်ကွက် မီးလောင်နေတာ မြင်တွေ့ရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

ပေါက်တောမြို့ကို စစ်ကောင်စီရဲ့ ဇတ်နေဗီတွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါ တရစပ် ပစ်ခတ်နေပြီး နိုဝင်ဘာ ၂၃ ရက် ညအထိ မီးမငြိမ်းသေးဘူးလို့ ဆိုပါတယ်။

ပေါက်တောမြို့မှာ နိုဝင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၂၀ ကို ရက္ခိုင့်တပ်တော် အေအေက ကယ်ထုတ်ပေးပြီး လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013