DVB Logo
Home
အားကစား
အာဂျင်တီးနားနှင့် အနာဂတ်ကိစ္စ ပြန်လည်သုံးသပ်သွားမည်ဟု နည်းပြစကယ်လိုနီ ပြော
DVB
·
November 23, 2023
အာဂျင်တီးနားနှင့် အနာဂတ်ကိစ္စ ပြန်လည်သုံးသပ်သွားမည်ဟု နည်းပြစကယ်လိုနီ ပြော
Donate to DVB

အာဂျင်တီးနားအသင်းနဲ့ အနာဂတ်ကိစ္စအပေါ် ပြန်လည်သုံးသပ်သွားမယ်လို့ နည်းပြစကယ်လိုနီ က ပြောသွားပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့သူ စကယ်လိုနီဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ၆ ပွဲ ကစားအပြီးမှာ အဆင့်တစ်နေရာမှာ ရပ်တည်နေပါတယ်။

ပြိုင်ဘက်ဘရာဇီးကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပေမဲ့လည်း အသင်းနဲ့အနာဂတ်ကိစ္စပြန်လည် သုံးသပ်သွားမယ်လို့ စကယ်လိုနီကဆိုပါတယ်။

နည်းပြ စကယ်လိုနီက “ကျနော်ဆက်လက်လုပ်ဆောင်သွားမယ့်ကိစ္စအပေါ်  အများကြီးပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ နှုတ်ဆက်စကားပြောတာမဟုတ်ပေမဲ့ နိုင်ပွဲတွေချည်းအမြဲတမ်းမရနိုင်တဲ့အတွက် အနာဂတ်ကိစ္စအပေါ် စဉ်းစားသွားဖို့လိုပါတယ်”လို့ ပြောပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာပီယာကတော့ လက်ရွေးစင်နည်းပြတစ်ဦးဟာ ကစားသမားတွေအတွက် စိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်ဖို့လိုကြောင်း ပြောခဲ့ဖူးပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013