DVB Logo
Home
မြန်မာသတင်း
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်လွှတ်တော်တွင် ကြားနာပွဲပြုလုပ်
DVB
·
November 21, 2023
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်လွှတ်တော်တွင် ကြားနာပွဲပြုလုပ်
1 / 8
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ  “ဂျပန်-မြန်မာဆက်ဆံရေး- အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်” ဟူသော ခေါင်းစဉ်နဲ့ ဂျပန်လွှတ်တော်အမတ်များရုံးတွင်း  ကြားနာပွဲကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ မှ ၇ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကြားနာပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ၊ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (ဂျပန်) နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီသော လွှတ်တော်အမတ်များသမဂ္ဂက ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး NUG ဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်း၊ ဂျပန်နိုင်ငံခြားရေးရေး ဝန်ကြီးဌာန အရှေ့တောင်အာရှညွှန်ကြားရေးမှူး၊ ဂျပန်လွှတ်တော်အမတ်တွေ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးကူညီနေသော ဂျပန်အဖွဲ့အစည်းတွေ၊ ဂျပန်သတင်းဌာနတွေနဲ့ ဂျပန်နိုင်ငံရှိ နွေဦးတော်လှန်ရေးအင်အားစုတွေေ တက်ရောက်ခဲ့ကြပါတယ်။

ကြားနာပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်လွှတ်တော်အနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုရေးအဆိုကို အတည်ပြုပေးနိုင်ခဲ့တာ၊ ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့ တောက်လျှောက်အတူ ရပ်တည်ပေးနေတာတွေကို မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို ဆက်ဆံရန်ချမှတ်ထားတဲ့ အချက် ၃ ချက်ကို ဆက်လက်ကိုင်ထားပြီး စစ်ကောင်စီအား ဆက်လက်အသိအမှတ်မပြုပေးရေး၊ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို ပြည်သူ့အစိုးရထံ အာဏာပြန်လွှဲပေးရေး ပိုမိုဖိအားပေးဖို့ တင်ပြဆွေးခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ၁၀၂၇ စစ်ဆင်ရေး၊ စတင်ခဲ့တဲ့ ၂၅ ရက်အတွင်း မြို့ပေါင်း ၁၅၀ ကျော် မြို့ သိမ်းတိုက်ပွဲတွေ အောင်ပွဲရနေမှုအပေါ် ဂျပန်အပါအဝင် နိုင်ငံတကာက စိတ်ဝင်စားနေကြပြီး အသိအမှတ်လည်း ပြုကြကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ကြားနားပွဲအတွင်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီသော လွှတ်တော်အမတ်များသမဂ္ဂဥက္ကဋ္ဌ မစ္စတာ Nakagawa Masaharu ကလည်း လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် မြို့သိမ်းတိုက်ပွဲများအပေါ် အသိအမှတ်ပြုပေမဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်တွေအပေါ် ပိုမိုရက်စက်စွာ အကြမ်းဖက်လာမှာ စိုးရိမ်မိကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဂျပန်အစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြုဆက်ဆံလာဖို့ အထူး ကြိုးစားသွားမယ်လို့ ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂျပန်အိုးရအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီထောက်ပံ့မှုတွေကို စစ်ကောင်စီမှတဆင့် မပေးအပ်ဘဲ ပြည်သူလူထုဆီ တိုက်ရိုက်ရောက်စေမယ့် နည်းလမ်းတွေ သုံးစေချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆွေးနွေးတင်ပြခဲ့ပါတယ်။ 

ဂျပန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထု ကြုံတွေ့ခံစားနေရသော ပကတိအခြေအနေမှန်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရေရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံဆွေးနွေး ရှင်းလင်းတင်ပြသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013