DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၃၂ ဦး လုပ်အားခမရဘဲ အလုပ်မှ နှင်ထုတ်ခံရ
DVB
·
November 21, 2023
ထိုင်းတွင် မြန်မာအလုပ်သမား ၃၂ ဦး လုပ်အားခမရဘဲ အလုပ်မှ နှင်ထုတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ မင်ဘူလီမြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ မြန်မာအလုပ်သမား ၃၂ ဦးဟာ လုပ်အားခမရခဲ့တဲ့အပြင် အဆောင်ကပါ နှင်ထုတ်ခံခဲ့ရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

မင်ဘူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၃၂ ဦးရဲ့ လုပ်ခလစာ ၄ သိန်းနီးပါးကို ကန်ထရိုက်ဆွဲထားတဲ့ မြန်မာအလုပ်ရှင်က ကုမ္ပဏီသူဌေးဆီကနေ  ထုတ်ယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေက စက်တင်ဘာနောက်‌ဆုံးပတ်ထဲက အလုပ်စတင်လုပ်ကိုင်ခဲ့ပေမဲ့ တလကျော်ကြာတဲ့အချိန်ထိ ကန်ထရိုက်ယူထားတဲ့ မြန်မာနိုင်ငံသားအလုပ်ရှင်က အလုပ်သမား တွေရဲ့ လုပ်ခလစာတွေ ယူပြီးထွက်ပြေးသွားတဲ့အပြင် လုပ်ခလစာ မရတာကြောင့် အလုပ် မဆင်းတဲ့ မြန်မာအလုပ်သမား ၃၂ ဦးကို သူဌေးက နှင်ထုတ်တာကြောင့် WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက"သူတို့ ၃၂ ဦးက ဖိချဘွန်း ကြက်သားစက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ရောက်လာခဲ့ပေမဲ့ အဲဒီမှာ အလုပ်မရှိတော့ ဒီဘက်ကို တယောက် ဘတ် ၃၀၀၀ ကျော်ပေးပြီး ပြောင်းလာတာ။ သူတို့ အလုပ်လုပ်ပြီး အလုပ်ရှင် ထွက်ပြေးလို့ ကျနော်တို့ဆီမှာ အကူအညီတောင်းခဲ့တာ။ သူတို့ပန်းရောင်ကတ်တော့ ရှိတယ်။ ဒါပေမဲ့ အဲဒါက ဖိချဘွန်းဘက်မှာပဲ အကြုံးဝင်ပြီး ဒီဘက်မှာတော့ အကြုံး မဝင်တော့ လုပ်ရ နည်းနည်းခက်နေတာ။ ပထမရက်တွေတုန်းက ကျနော်တို့က ရုံးသွားနေရတော့ သူတို့ကို သူဌေးက ပလိပ်နဲ့ ဖမ်းခိုင်းမှာ ကြောက်နေရတယ်"လို့ ပြောပါတယ်။

မြန်မာအလုပ်သမား ၃၂ ဦး ရဲ့လုပ်အားခနဲ့ပတ်သက်ပြီး ဆောက်လုပ်‌ရေးကုမ္ပဏီသူဌေးက ၂ ရက်၊ ၃ ရက်အတွင်း ရှင်းပေးသွားမယ်လို့ ကတိပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမား အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းများက သူတို့ပန်းရောင်ကတ်အကြုံးဝင်တဲ့ ဖိချဘွန်းဘက်ကို နိုဝင်ဘာ ၂၀ ရက် ညပိုင်း က ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးတာနဲ့ စီးပွားရေးအဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013