DVB Logo
Home
နိုင်ငံတကာ
အစ္စရေးစစ်တပ်သည် စစ်ပွဲဥပဒေ လိုက်နာပြီး ကျင့်ဝတ်အစောင့်ထိန်းဆုံးဟု ဝန်ကြီးချုပ် ဆို
DVB
·
November 19, 2023
အစ္စရေးစစ်တပ်သည် စစ်ပွဲဥပဒေ လိုက်နာပြီး ကျင့်ဝတ်အစောင့်ထိန်းဆုံးဟု ဝန်ကြီးချုပ် ဆို
Donate to DVB

အစ္စရေးဟာ စစ်ပွဲဥပဒေတွေကို လိုက်နာမှုရှိပြီးတော့ ကမ္ဘာပေါ်မှာ ကျင့်ဝတ် အစောင့်ထိန်းဆုံး စစ်တပ်ပါပဲလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၁၈ ရက်က တဲလ်အဗစ်မြို့ရှိ အစ္စရေးကာကွယ်ရေးဌာနချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပြီး အောက်တိုဘာ ၇ ရက်က ဟားမတ်စ်စစ်သွေးကြွတွေရဲ့ လုပ်ရပ်အပေါ် အစ္စရေးစစ်တပ်ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကို ကာကွယ် ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကို ထိန်းသိမ်းဖို့ လူသားချင်း စာနာထောက်ထားမှု အကူအညီကလည်း အရေးကြီးပြီး အဲ့ဒီအကူအညီ မရရင် အကောင်းဆုံးမိတ်ဆွေတွေတောင် အချိန်ကြာကြာ ကူညီပေးဖို့ အခက်တွေ့ရမယ့်အပြင် စစ်ပွဲကို အဆုံးအထိ ဆက်သွားဖို့က အရမ်းခက်ခဲသွားလိမ့်မယ် လို့လည်း နေတန်ယာဟုက ပြောပါတယ်။

ဟားမတ်စ်ကို လောင်စာဆီ မပေးဘူး ဆိုတာကလည်း အမှန်တွေပြောခဲ့တာ ဖြစ်ကြောင်းနဲ့ အခု အရမ်းကို ပမာဏ အတိအကျနဲ့ ကန့်သတ်ချက်နဲ့ ခွင့်ပြုပေးထားပြီး ဒါဟာ အမေရိကန်တွေရဲ့ တောင်းဆိုမှုကို လိုက်လျောပေးတာဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။ 

ကပ်ရောဂါတွေ ပြန့်ပွားသွားရင် အရာအားလုံးကို ထိန်းချုပ်မှု ဆုံးရှုံးသွားမှာဖြစ်ပြီး အဲဒီအခါကျ ဂါဇာမှာ နေထိုင်သူတွေသာမက ဂါဇာကမ်းမြောင်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ အစ္စရေးစစ်သားတွေလဲ ကူးစက်ခံရမှာဖြစ်ကြောင်းနဲ့ သူတို့ကနေတဆင့် အစ္စရေးနိုင်ငံမှာလည်း ပျံ့နှံ့သွားနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ကပ်ရောဂါ မဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဂါဇာကမ်းမြောင် တောင်ပိုင်းမှာ မိလ္လာစနစ်နဲ့ ရေစုပ်စက်တွေ လည်ပတ်နိုင်ရုံလောက် လောင်စာဆီ ထရပ်ကား ၂ စီးကို ခွင့်ပြုပေးခဲ့တာလို့လည်း နေတန်ယာဟုက ပြောပါတယ်။ 

အစ္စရေးက ရပ်တည်ထားတဲ့ အကျဉ်းသားအလဲအလှယ် သဘောတူညီချက်ရဲ့ အသေးစိပ်အချက် တွေကို ဆွေးနွေးဖို့ တားမြစ်ခံထားရပြီး ဓားစာခံတွေအားလုံးကို ပြန်လိုချင်ကြောင်းလည်း ပြောထားပါတယ်။ 

ပါလက်စတိုင်းအာဏာပိုင်တွေဟာ သူတို့ရဲ့လက်ရှိပုံစံနဲ့ ဂါဇာကမ်းမြောင်ဒေသကို လုံးဝ မထိန်းချုပ်နိုင်တော့ကြောင်းနဲ့ အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဒါတွေအားလုံးကို လုပ်ဆောင်ခဲ့ပြီးကြောင်းလည်း နေတန်ယာဟုက ပြောပါတယ်။ 

အဲဒီသတင်းစာရှင်းလင်းပွဲမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် ကလည်း “နေ့စဉ်နဲ့အမျှ ဟားမတ်စ် အကြမ်းဖက်သမားတွေ ကျင်လည်ကျက်စားနိုင်တဲ့ နေရာ မရှိတော့ သလောက် နည်းသွားပြီ” လို့လည်း ပြောသွားပါတယ်။ 

IDF ရဲ့ စစ်ဆင်ရေးအင်အားစုတွေနဲ့ ထိတွေ့ပြီးတဲ့ မြို့ရဲ့အနောက်ဘက်ခြမ်းက လူတိုင်း ဒါကို ကောင်းကောင်းနားလည်ပြီးဖြစ်ကြောင်း၊ အရှေ့ဘက်ခြမ်းမှာလည်း ဒီည သဘောပေါက်တော့ ဖြစ်ပြီး ဂါဇာတောင်ဘက်မှာရှိတဲ့သူတွေလည်း မကြာခင်မှာ နားလည်လာတော့မှာဖြစ်ကြောင်း ဂါလန့်ထ်က ပြောပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013