DVB Logo
Home
မြန်မာသတင်း
အလင်းဝင်သည့် စစ်သားကို ကဝ ပကဖ ဆုချီးမြှင့်၊ ပေါင်းတည်တွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ယောက်သေ
DVB
·
November 19, 2023
အလင်းဝင်သည့် စစ်သားကို ကဝ ပကဖ ဆုချီးမြှင့်၊ ပေါင်းတည်တွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ယောက်သေ
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်လာတဲ့ စစ်သား တယောက်ကို ငွေ ၁၀ သိန်းချီးမြှင့်ပြီး သွားလိုရာပို့ပေးခဲ့သလို ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်လို့ ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ခမရ ၅၅၉ က တပ်သား ချစ်မင်းကို ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ချိတ်ဆက် အလင်းဝင်လာလို့ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ခဲ့ပြီး ဆုငွေ ၁၀ သိန်းကျပ်တိတိ ချီးမြှင့်ပြီးနောက် သူသွားလိုရာကို ဘေးကင်းကင်းပို့ပေးခဲ့တယ်လို့ ကဝမြို့နယ်ပကဖ က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အလင်းဝင်လိုသူတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (Peoples Embrace) နဲ့ ချိတ်ဆက် ကူညီ စောင့်ရှောက် ပေးနေပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အသုံးချခံ၊ ထိုးကျွေးခံ ဖြစ်နေကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် (ပျူစောထီး)တွေဟာ ကိုယ့်ရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်တန်ဖိုးထားရင် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့လည်း ကဝမြို့နယ် ပကဖ က တိုက်တွန်း သတိပေးထားပါတယ်။

အလင်းဝင်ရောက်လာသူတွေကို လှိုက်လှဲစွာ ကြိုဆိုပြီး အသက်အန္တရာယ်မရှိစေဖို့ အပြည့်အဝ ကာကွယ်ပေးမှာဖြစ်သလို လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေဖို့ ဆောင်ရွက်ပေးမှာဖြစ်တဲ့အပြင် လူမှုဖူလုံရေး ဆုချီးမြှင့်တာကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကူညီမယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံရင်လည်း စစ်သုံ့ပန်းဥပဒေတွေနဲ့ အညီ စောင့်ရှောက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာတော့ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာကြားမှာ နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲအသီးသီးက ရဲဘော်တွေနဲ့ Sniper အဖွဲ့၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ယောက်သေ၊ ၃ ယောက်ကျော် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013