DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၌ ခိုလှုံခွင့် လျှောက်ထားသူများ မက္ကဆီကိုစီးတီးအရှေ့ဘက်တွင် စခန်းချ နေထိုင်
DVB
·
November 18, 2023
အမေရိကန်၌ ခိုလှုံခွင့် လျှောက်ထားသူများ မက္ကဆီကိုစီးတီးအရှေ့ဘက်တွင် စခန်းချ နေထိုင်
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှ အများစုအပါအဝင် ဒါဇင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ခရီးဆက်ဖို့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေချိန်အတွင်း မက္ကဆီကို စီးတီးအရှေ့ဘက်ရှိ ကားလမ်းတံတားတခု အောက်မှာပဲ စခန်းချထားပါတယ်။ 

သူတို့ဟာ အမေရိကန်ကို ခိုလှုံခွင့်တောင်းခံမယ့် သူတို့ရဲ့လမ်းကြောင်းကို ပြန်မစတင်ခင်မှာ ယာယီစခန်းမှာ တည်းခိုနေထိုင်ဖို့ ရှာဖွေခဲ့ကြကြောင်း နိုဝင်ဘာ ၁၇ ရက်က ရွှေ့ပြောင်းနေထိုင်သူ အများအပြားဟာ ရိုက်တာကို ပြောပြပါတယ်။

မက္ကဆီကိုနိုင်ငံမြို့တော်ရဲ့ အမြန်လမ်းသွယ်တွေကို ဆက်သွယ်ထားတဲ့ တံတားအောက်မှာ ၁၅ ရက်လောက် စခန်းချ နေထိုင်တဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ အန်ဂျလီကာက သူဟာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လိုခြင်း မရှိတာကြောင့် အမေရိကန် အစိုးရအက်ပ် CBP One မှတဆင့် ခိုလှုံခွင့်လျှောက်လွှာအတွက် ရက်ချိန်းကိုစောင့်နေတာလို့ ပြောပါတယ်။ 

သူ့ရဲ့ ချိန်းဆိုချက်ကို အတည်ပြုပြီးတာနဲ့ ထွက်သွားတော့မှာမို့လို့ ဒါ ယာယီဖြတ်သန်းနေတာ လို့လည်း ဆိုပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူတွေဟာ အများအားဖြင့် အမေရိကန်အစိုးရရဲ့ CBP One အက်ပ်မှတဆင့် ချိန်းဆိုမှုတွေ ပြုလုပ်ကြပြီး ခိုလှုံခွင့် တောင်းခံကြတာပါ။ 

ဒါပေမယ့်လည်း ရက် မရသေးလို့ သူတို့ရက်ချိန်း တင်ဖို့အတွက် မက္ကဆီကိုမှာပဲ စခန်းချ၊ စောင့်ဆိုင်းနေကြတာပါ။ 

သူတို့ အရင်စခန်းချထားတဲ့နေရာကို စီးနင်းခံခဲ့ရပြီးတော့ လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေ သူတို့ကို စွန့်ပစ်တဲ့နေရာကို ခေါ်သွားခဲ့ကြောင်း ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ဂယ်ဘရီယလ် ကင်တဲရို က ပြောပါတယ်။ 

သူတို့ကို လုံခြုံတဲ့နေရာမှာ ထားမသွားဘဲ လမ်းပေါ်မှာ ပစ်ထားခဲ့တာကို ကြုံခဲ့ရကြောင်း ပြောပြပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူ အများအပြားဟာ သူတို့ရဲ့ မွေးရပ်မြေမှာ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013