DVB Logo
Home
နိုင်ငံတကာ
အီရန်အမျိုးသမီးဘောလုံးအသင်းသား နောက်ထပ်  ၂  ဦးကို ဩစတြေးလျက ခိုလှုံခွင့်ပေး 
DVB
·
March 11, 2026
အီရန်အမျိုးသမီးဘောလုံးအသင်းသား နောက်ထပ်  ၂  ဦးကို ဩစတြေးလျက ခိုလှုံခွင့်ပေး 
Donate to DVB

အီရန်အမျိုးသမီးဘောလုံးအသင်းသား နောက်ထပ် ၂ ယောက်ကို ခိုလှုံခွင့်ပေးခဲ့တယ်လို့ ဩစတြေးလျနိုင်ငံက ပြောပါတယ်။

အစောပိုင်းက ၅ ယောက် အီရန်ကိုမပြန်ဘဲ ဩစတြေးလျမှာ ခိုလှုံခွင့်တောင်းခဲ့ပြီး နောက်ထပ် ၂ ယောက်ကလည်း နိုင်ငံခိုလှုံခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျ ပြည်ထဲရေးဝန်ကြီး တိုနီဘာကီက ကစားသမားတယောက်နဲ့ အသင်းအဖွဲ့ဝင် တယောက်တို့ကို လူသားချင်းစာနာမှုဗီဇာ ပေးခဲ့တယ်လို့ ပြောထားပါတယ်။

အီရန် အမျိုးသမီးကစားသမားတွေဟာ အီရန်နိုင်ငံကို ပြန်မယ်ဆိုရင် လုံခြုံမှုမရှိမှာကို ကြောက်တာကြောင့် အာရှဖလားကျင်းပရာ ဩစတြေးလျနိုင်ငံမှာ ကျန်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဩစတြေးလျအာဏာပိုင်တွေက ဆစ်ဒနီမြို့မှာ အီရန်အသင်းသားတွေကို သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဩစတြေးလျနိုင်ငံကနေ မထွက်ခွာမီ သူတို့ရဲ့ အခွင့်အရေးတွေကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

တချို့အသင်းဝင်တွေက မိသားစုတွေနဲ့ တိုင်ပင်ခဲ့ကာ ဩစတြေးလျနိုင်ငံမှာ ဆက်နေမဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး အီရန်ကိုပြန်ခဲ့သူတွေလည်း ရှိပါတယ်။

အီရန်ကို မပြန်ဘူးဆိုရင် မိသားစုတွေအတွက် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေလည်း ရုပ်သံတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အီရန်အမျိုးသမီးဘောလုံးအသင်းဝင်တွေကို ပေးတဲ့ လူသားချင်းစာနာမှုဗီဇာဟာ ဩစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။

အီရန်ကိုပြန်နေတဲ့အဖွဲ့တွေဟာ မတ် ၁၁ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကို ရောက်ရှိနေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

အီရန်အမျိုးသမီးအသင်းသားတွေဟာ ဩစတြေးလျမှာ ကျင်းပနေတဲ့ အာရှဖလားပြိုင်ပွဲမှာ နိုင်ငံတော်သီချင်းကို မဆိုခဲ့တဲ့သူတွေ ပါဝင်တာကြောင့် ပြည်တွင်းရုပ်သံထုတ်လွှင့်မှုမှာ စစ်ဖြစ်နေတဲ့အချိန် သစ္စာဖောက်တွေလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အီရန်ကို ပြန်မယ်ဆိုရင် ဒီကစားသမားတွေရဲ့ လုံခြုံရေး စိုးရိမ်ရတဲ့ အချက်တွေကြောင့် ကစားသမားတချို့ဟာ ဩစတြေးလျနိုင်ငံမှာ နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အီရန်အမျိုးသမီးဘောလုံးအသင်းသား နောက်ထပ်  ၂  ဦးကို ဩစတြေးလျက ခိုလှုံခွင့်ပေး