DVB Logo
Home
အားကစား
ဆောက်ဂိတ်၏ လူဟောင်းများအပေါ် သစ္စာစောင့်သိမှုက ပြဿနာဖြစ်လာနိုင်ဟု သုံးသပ်
DVB
·
November 18, 2023
ဆောက်ဂိတ်၏ လူဟောင်းများအပေါ် သစ္စာစောင့်သိမှုက ပြဿနာဖြစ်လာနိုင်ဟု သုံးသပ်
Donate to DVB

အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ လူဟောင်းတွေအပေါ် သစ္စာစောင့်သိနေခြင်းက အသင်းအတွက် ပြဿနာ တစ်ခုဖြစ်လာနိုင်ကြောင်းသုံးသပ်မှုတွေရှိလာပါတယ်။

အင်္ဂလန်နည်းပြဟာ ကယ်ဗင်ဖိလစ်၊ ဟန်ဒါဆန်၊ မက်ဂွဲယား အစရှိတဲ့ ကစားသမားတွေကို နိုင်ငံတကာရက်သတ္တပတ်တိုင်းမှာ ပြန်လည်ရွေးချယ်ခဲ့တာပါ။

အဲဒီလို နည်းပြဆောက်ဂိတ်နဲ့ ရေရှည်လက်တွဲခဲ့ဖူးတဲ့သူတွေဟာ ကလပ် အသင်းတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် လက်ရွေးစင်အသင်းမှာဆက်လက်ပါဝင်နေတာကို ပရိသတ်တွေက ဝေဖန်ကြပါတယ်။

အင်္ဂလန်ကစားသမားဟောင်းဖြစ်သူ ခရစ္စဆက်တန်ကတော့ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို အောင်မြင်မှုတချို့ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပေမဲ့ ကလပ်မှာခြေစွမ်းမပြနိုင်တဲ့ လူဟောင်းတွေအပေါ် သစ္စာစောင့်သိနေခြင်းက ပြဿနာ တစ်ရပ်ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

အင်္ဂလန်အသင်းလူစာရင်းဟာ လာမယ့် ယူရို၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်စွမ်းရှိနေပေမဲ့ လူရွေးချယ်မှု သေချာဂရုစိုက်သင့်ကြောင်း ဒေးလီးမေးလ်ရဲ့ ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သူ ခရစ္စဆက်တန်က တိုက်တွန်းသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013