DVB Logo
Home
နိုင်ငံတကာ
ရုရှားစစ်တပ်ဘလော့ဂါ လုပ်ကြံသတ်ဖြတ်ခံရမှု သံသယတရားခံ ထရီပိုဗာကို ရုံးထုတ်စစ်ဆေး 
DVB
·
November 18, 2023
ရုရှားစစ်တပ်ဘလော့ဂါ လုပ်ကြံသတ်ဖြတ်ခံရမှု သံသယတရားခံ ထရီပိုဗာကို ရုံးထုတ်စစ်ဆေး 
Donate to DVB

ဗလာ့ဒ်လန်တာ့တာစကီး အမည်နဲ့ လူသိများတဲ့ ရုရှားစစ်တပ်ဘလော့ဂါ မက်ခ်ဆင်မ်ဖိုမင် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ သံသယရှိသူ ဒါရ်ယာ ထရီပိုဗာကို နိုဝင်ဘာ ၁၇ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အစိုးရရှေ့နေတွေက  အသက် ၂၆ နှစ်အရွယ် ထရီပိုဗာကို ဧပြီ ၂ ရက်က စိန့်ပီတာစဘတ် ကော်ဖီဆိုင်မှာ ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ဝှက်ထားတဲ့ ရုပ်တုတခုကို တာတာစကီးကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေက ထရီပိုဗာဟာ ထောင်ကျနေတဲ့ ကရင်မလင် ဝေဖန်ရေးသမား အလက်ဇီ နာဗလ်ညီနဲ့ အဆက်အသွယ် ရှိနေတဲ့ ယူကရိန်းလိုလားတဲ့ အဖွဲ့ကိုယ်စား လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောပြီးတော့ ထရီပိုဗာ ကို အကြမ်းဖက် ပြစ်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

နာဗလ်ညီ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိယဗ်ကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။

တာ့တာစကီးဟာ ယူကရိန်းမှာ ရုရှားက သူ့ရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ကျူးကျော်စစ် စတင်ကတည်းက ထင်ပေါ်ကျော်ကြားလာခဲ့တဲ့ နာမည်ကြီး ဘလော့ဂါအုပ်စုတွေထဲက တယောက် ဖြစ်ပါတယ်။

သူတို့ဟာ ရုရှားရဲ့ စစ်ဆင်နွှဲခြင်းနဲ့ တိုက်ပွဲတွေကို ဦးစီးမှုအပေါ် မကြာခဏ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့ပြီး ယူကရိန်းအပေါ် ပိုပြင်းထန်တဲ့ ထိုးစစ်ဆင်ဖို့ တွန်းအားပေးနေခဲ့တာပါ။

မနှစ်က ယူကရိန်းဒေသ လေးခုကို ရုရှားက တစ်ဖက်သတ် သိမ်းပိုက်မှု အထိမ်းအမှတ်အဖြစ် ကရင်မလင်နန်းတော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တာ့တာစကီး က ရုရှားဟာ လူတိုင်းကို သတ်ပစ်လို့ရပြီး ယူကရိန်းမှာ လူတိုင်းကို လုယက်လို့ရတယ် ဆိုပြီး ပြောထားတာဖြစ်ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013