Home
နိုင်ငံတကာ
မက္ကဆီကိုတွင် ဓာတ်ပုံသတင်းထောက် ၁ ဦး ပစ်သတ်ခံရ
DVB
·
November 17, 2023

မက္ကဆီကို ဓာတ်ပုံသတင်းထောက် အစ္စမဲလ် ဗီလာဂိုမက်ဇ်ဟာ အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်နေချိန် နိုဝင်ဘာ ၁၆ ရက် အစောပိုင်းက ဆီအူဒက် ဟွာရက်ဇ်မြို့မှာ အသတ်ခံခဲ့ရကြောင်း အာဏာပိုင်တွေနဲ့ သူ့ရဲ့အလုပ်ရှင်က ပြောကြားခဲ့ပါတယ်။

အယ်လ်ဟီရာလ်ဒို ဒီဟွာရက်ဇ် သတင်းစာရဲ့ ဓာတ်ပုံဆရာ အစ္စမဲလ် ဗီလာဂိုမက်ဇ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နယ်စပ်မြို့ ဆီအူဒက် ဟွာရက်ဇ်မှာ မနက် ၁ နာရီ ၃၀ မိနစ်က သူ့ကားထဲမှာပဲ ပစ်သတ်ခံခဲ့ရတာဖြစ်ကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားပါတယ်။

သူအသတ်ခံရမှုဟာ သူ့အလုပ်အကိုင်နဲ့ ပတ်သက်မှု ရှိ၊ မရှိ ချက်ချင်းဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောခဲ့ပေမဲ့ မက္ကဆီကိုနိုင်ငံဟာ သတင်းသမားတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်တွေကို လိုက်နာဆောင်ရွက်ခဲ့ပြီး သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားကြောင်း သူအလုပ်လုပ်ခဲ့တဲ့ InDrive ကားမောင်းကုမ္ပဏီက ပြောပါတယ်။

ဗီလာဂိုမက်ဇ်ဟာ သတင်းသမားတဦးအဖြစ် အလုပ်လုပ်နေတာကြောင့် အသတ်ခံရတယ် ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း စုံစမ်းရေးမှူးတွေက မငြင်းဆန်ထားပါဘူး။

စာနယ်ဇင်းအသိုင်းအဝိုင်းနဲ့ ဗီလာဂိုမက်ဇ်ရဲ့ မိသားစုတွေကတော့ သူသေဆုံးရခြင်းရဲ့ အကြောင်းရင်းကို အာဏာပိုင်တွေ ရှင်းလင်းပေးစေလိုတယ်လို့ ဗီလာဂိုမက်ဇ် အလုပ်လုပ်ပေးနေတဲ့ သတင်းစာတိုက်ရဲ့ ဒါရိုက်တာ ဟိုဆေး ရာမွန် အော်တစ်ဇ်က ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024