DVB Logo
Home
နိုင်ငံတကာ
ဗီယက်နမ် လွှတ်တော်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဖမ်းဆီးခံရ
DVB
·
November 16, 2023
ဗီယက်နမ် လွှတ်တော်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဖမ်းဆီးခံရ
Donate to DVB

ဗီယက်နမ်နိုင်ငံမှာ အင်အားသုံးခြိမ်းခြောက်ပြီး ငွေညှစ်မှုကျူးလွန်တဲ့ တရားမဝင် အဖွဲ့အစည်းနဲ့ ဆက်နွှယ်ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ ဗီယက်နမ် ပါလီမန်လွှတ်တော်ကော်မတီရဲ့ လက်ရှိ ဒုတိယဥက္ကဋ္ဌ လျူဘင်ညောကို ဗီယက်နမ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

လျူဘင်ညောဟာ ၂၀၂၁ ခုနှစ်အထိ ဗီယက်နမ် အမျိုးသားလွှတ်တော် အမတ်ဟောင်းလည်း ဖြစ်ပြီး သူ့ကို နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

သူဟာ အစိုးရအရာရှိတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး အခါအားလျော်စွာ ဝေဖန်ပြောဆိုတတ်တာကြောင့် လူသိများပါတယ်။

လျူဘင်ညောကို ဖမ်းဆီးထိန်းသိမ်းမှုဟာ ဗီယက်နမ်နိုင်ငံကို ကုလသမဂ္ဂလူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဆူရ်ယာဒေဗာ လာရောက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သူ့ရဲ့ ၁၀ ရက်ကြာခရီးစဉ် ပြီးဆုံးတဲ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူရ်ယာ ဒေဗာကို လျူဘင်ညော အဖမ်းခံရခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဆူရ်ယာ ဒေဗာက သူ့ကို အသိပေး အကြောင်းကြားခဲ့ခြင်း မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ ရာသီဥတု တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပြီး ဗီယက်နမ်အစိုးရအနေနဲ့ လူတချို့ကို သူတို့ရဲ့ နိုင်ငံရေး၊ ဘာသာရေး အမြင်တွေကြောင့် ပစ်မှတ်ထားဖို့ ဥပဒေကို ကိရိယာအဖြစ် အသုံးမချသင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ရိုက်တာကို အီးမေးလ်ကတဆင့် ပေးပို့တဲ့ နောက်ဆက်တွဲ မှတ်ချက်မှာလည်း လျူဘင်ညောဟာ ရာဇဝတ်မှုကို အမှန်တကယ် ကျူးလွန်ခြင်း ရှိ၊ မရှိ ဒါမှမဟုတ် သူ့ရဲ့ ဝေဖန်ပြောဆိုချက်တွေကြောင့် ထိန်းသိမ်းခံရခြင်း ဟုတ်၊ မဟုတ်ကို သတင်းစာ အစီရင်ခံချက်တွေမှာ ရေးထားသလို ပြောဖို့က ခက်ခဲတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားမီဒီယာတွေနဲ့ ဆက်သွယ်ရာမှာ တာဝန်ယူရတဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း လျူဘင်ညော အဖမ်းခံရချိန်နဲ့ ပတ်သက်ပြီး ချက်ချင်း မဖြေကြားခဲ့ပါဘူး။

ရိုက်တာအနေနဲ့ လျူဘင်ညောနဲ့ နီးစပ်သူတွေဆီကိုလည်း ချက်ချင်း ဆက်သွယ်နိုင်ခြင်း မရှိဘဲ သူ့ရဲ့မိုဘိုင်းလ်ဖုန်းကလည်း စက်ပိတ်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013