DVB Logo
Home
နိုင်ငံတကာ
ဥမင်လိုဏ်ခေါင်းတွင်းပိတ်မိနေသည့် အိန္ဒိယလုပ်သားများကို ကယ်ထုတ်ရန် ကြိုးပမ်းနေ
DVB
·
November 16, 2023
ဥမင်လိုဏ်ခေါင်းတွင်းပိတ်မိနေသည့် အိန္ဒိယလုပ်သားများကို ကယ်ထုတ်ရန် ကြိုးပမ်းနေ
Donate to DVB

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ဥမင်လိုဏ်ခေါင်းပြိုကျပြီး ပိတ်မိနေတဲ့ လမ်းလုပ်သား ၄၀ လောက်ကို အမြန်ကယ်ဆယ်ပေးဖို့  ဒါဇင်ပေါင်းများစွာသော အလုပ်သမားတွေက နိုဝင်ဘာလ ၁၅ ရက်က ပြိုကျလိုဏ်ခေါင်းရဲ့အပြင်ဘက်မှာ တောင်းဆိုနေကြပါတယ်။ 

လိုဏ်ခေါင်းပြိုကျခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက် အစောပိုင်းကတည်းက ကယ်ဆယ်ရေးသမားတွေဟာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အဆက်အသွယ်ရရှိခဲ့ပြီး အစားအစာ၊ ရေနဲ့ အောက်ဆီဂျင်ကို ပိုက်ကနေတဆင့် ပေးပို့နိုင်ခဲ့ပါတယ်။

အလုပ်သမားတွေလည်း ဘေးကင်းနေဆဲ ဖြစ်ပါတယ်။ သူတို့အတွက် လွတ်မြောက်ရာလမ်းကို တူးရာမှာ ကြီးမားတဲ့ ကျောက်တုံးကြီးတွေ ပိတ်ဆို့နေတာကြောင့် ခက်ခက်ခဲခဲ လုပ်ဆောင်နေရတာပါ။

စွမ်းအားမြင့် တူးဖော်ရေးစက်ကို နယူးဒေလီမြို့ကနေ တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာကို လေယာဉ်နဲ့ တင်ပို့ထားပြီး လူတွေ ပိတ်မိနေတဲ့ အပျက်အစီးတွေကို တူးဖော်ဖယ်ရှားနိုင်ဖို့ မျှော်လင့်ထားကြောင်း အမျိုးသားအဝေးပြေးလမ်းနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာ အန်ရှူမာနစ်ရှ် ခါလ်ခို က ပြောပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013