DVB Logo
Home
အားကစား
မန်ယူအသင်းစီအီးအို ရစ်ချက်အာနိုးလ် အသင်းမှ ထွက်ခွာမည်
DVB
·
November 16, 2023
မန်ယူအသင်းစီအီးအို ရစ်ချက်အာနိုးလ် အသင်းမှ ထွက်ခွာမည်
Donate to DVB

မန်ယူအသင်းစီအီးအို ရစ်ချက်အာနိုးလ်ဟာ ၂၀၂၃ ခုနှစ်အကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

အသင်းရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရတ်ကလစ်ဖ်က ဝယ်ယူခဲ့ပြီးနောက် စီအီးအို အပြောင်းအလဲဖြစ်ပေါ်လာခဲ့တာပါ။

ရစ်ချက်အာနိုးလ်ဟာ ၂၀၂၂ ခုနှစ်က စီအီးအိုဟောင်း အက်ဝုဝါ့ဒ်ရဲ့နေရာကို ရာထူးတိုးကာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပြီး တစ်နှစ်ခန့်အကြာမှာ အသင်းနဲ့ လမ်းခွဲသွားခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၆ နှစ်လုံးလုံး အသင်းမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာက အထူးအခွင့်ရေးဖြစ်ကြောင်း ပြောပါတယ်။

အသင်းရဲ့ ပူးတွဲ ဥက္ကဋ္ဌဖြစ်သူ ဂျိုးလ်ဂလေဇာကတော့  အာနိုးလ်ရဲ့ လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ အောင်မြင်မှုရရှိပါစေကြောင်း ပြောပါတယ်။

အသင်းရဲ့ စီအီးအိုနေရာကို အထွေထွေအကြံပေးလည်းဖြစ်၊ ဥပဒေအရာရှိလည်းဖြစ်သူ စတီးဝပ်က ယာယီစီအီးအိုအဖြစ် တာဝန်ယူမှာပါ။

ရစ်ချတ်အာနိုးလ်အနေနဲ့ အမြဲတမ်း စီအီးအို ခန့်အပ်နိုင်ရေးမှာတော့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း မန်ယူအသင်းက သတင်းထုတ်ပြန်ပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013