DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်စစ်ဆင်ရေး ရက် ၂၀ အတွင်း စစ်တပ်စခန်းပေါင်း ၁၆၀ ကျော်ကို သိမ်းပိုက်ထား
DVB
·
November 15, 2023
ရှမ်းမြောက်စစ်ဆင်ရေး ရက် ၂၀ အတွင်း စစ်တပ်စခန်းပေါင်း ၁၆၀ ကျော်ကို သိမ်းပိုက်ထား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီနေ့အထိ မြို့ ၅ မြို့ကို ထိန်းချုပ်ထားနိုင်ပြီး တပ်စခန်းပေါင်း ၁၆၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း ကိုးကန့်တပ်မတော် MNDAA ရဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“တပ်စခန်းအနေနဲ့ MNDAA နဲ့ AA ပေါင်းပြီး သိမ်းထားတာ ၁၄၄ ခုရှိတယ်။ ကျ‌နော်တို့ရဲ့ မဟာမိတ်အဖွဲ့ TNLA နဲ့ပါပေါင်းရင် ၁၆၀ ကျော်ပါပြီ။”

၁၀၂၇ စစ်ဆင်ရေးစပြီး ရက်ပေါင်း ၂၀ လောက်အထိ နမ့်ခမ်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်မြို့တွေနဲ့ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာကိုပါ ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။

“ထိန်းချုပ်ထားတဲ့မြို့တွေထဲမှာတော့ တိုက်ပွဲတွေ လုံးဝမရှိတော့ဘူး။ ဘေးတဝိုက်နယ်မြေမှာတော့ တိုက်ပွဲတွေ ဆက်လက်ရှိနေပါသေးတယ်” လို့လည်း လီကျားဝင်းက ပြောပါတယ်။

ဒီစစ်ဆင်ရေးကာလတွေအတွင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် စုစုပေါင်း ၂၆၀ ‌ကျော် ရှိပြီဖြစ်ပြီး စစ်ဆင်ရေးတခုလုံးအတွင်းမှာ ဘယ်လောက်အလင်းဝင်လာတယ်ဆိုတာ လောလောဆယ် အတည်မပြုနိုင်သေးဘူးလို့လည်း သူကပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013