
အာဆင်နယ် ဂိုးသမား အာရွန်ရမ်စ်ဒေးကို အရန်ခုံပို့ခဲ့တဲ့ နည်းပြအာတေတာကို ကစားသမားရဲ့ဖခင်ဖြစ်သူ နစ်ရမ်စ် ဒေးက ဝေဖန်ပြောကြားလိုက်ပါတယ်။
ရမ်စ်ဒေးဟာ မနှစ်ကရာသီမှာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် လက်စွမ်းပြခဲ့ပေမဲ့ ဘရန့်ဖို့ဒ်ကနေ ဂိုးသမားဒေးဗစ်ရာယာ ရောက်ရှိလာချိန်မှာ နံ ပါတ်တစ်ဂိုးသမားနေရာကနေ ဖယ်ရှားခံလိုက်ရတာပါ။
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ စပိန်ဂိုးသမား ရာယာကပဲ တာဝန်ယူနေပါတယ်။ အာရွန်ရမ်စ်ဒေးရဲ့ ဖခင်ဖြစ်သူ နစ်ရန်စ်ဒေးကတော့ သားဖြစ်သူဟာ ဘယ်လိုအမှားအယွင်းမှ မပြုလုပ်ခဲ့ဘဲ အရန်ဂိုးသမားဖြစ်သွားခဲ့ကြောင်း ပြောပါတယ်။
အသင်းရဲ့ အရန်ဂိုးသမားဖြစ်သွားခဲ့ရပြီဖြစ်ပေမဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုလို့ ထင်မြင်မိပြီး ဆွေးနွေးသွားဖို့လိုအပ်ကြောင်း နစ်ရမ်စ်ဒေးကပြောပါတယ်။
သားဖြစ်သူ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတာကိုလည်းမြင်တွေ့ရပြီး ခက်ခဲတဲ့ အခြေအနေဖြစ်ကြောင်း နစ်ရမ်စ်ဒေးက ပြောသွားပါတယ်။
Photo-Reuters










