DVB Logo
Home
အားကစား
ဂျေဒန်ဆန်ချိုကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် ဂျူဗင်တပ်အသင်း စတင်ကြိုးပမ်း
DVB
·
November 15, 2023
ဂျေဒန်ဆန်ချိုကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် ဂျူဗင်တပ်အသင်း စတင်ကြိုးပမ်း
Donate to DVB

အီတလီကလပ် ဂျူဗင်တပ်အသင်းဟာ မန်ယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ စတင်ကြိုးပမ်းနေပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့တစ်ပတ်က ယူကေနိုင်ငံဆီ ရောက်ရှိလာခဲ့ကြပြီး ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် စတင်ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဆန်ချိုဟာ အသင်းနည်းပြတန်ဟတ်ဂ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပြန်လည်တောင်းပန်ဖို့လည်း ငြင်းဆန်ခဲ့တာကြောင့် မန်ယူအသင်းနဲ့အတူ လေ့ကျင့်ခွင့်ဆင်းခွင့် ပိတ်ပင်ခံနေရတာပါ။

ဂျူဗင်တပ်အသင်းအနေနဲ့ ဆန်ချိုကို အပြီးသတ်ခေါ်ယူမယ်ဆိုရင် လက်ရှိဈေးကွက်ပေါက်ဈေးအရ ပေါင် ၄၅ သန်းလောက်ရှိနိုင်တာကြောင့် ဝယ်ယူဖို့ အဆင်မပြေဖြစ်နိုင်ကြောင်း၊ အငှားစာချုပ် နဲ့သာ ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဆန်ချိုရဲ့ တစ်ပတ်လုပ်ခက ပေါင် ၂၇၅၀၀၀ ရှိပြီး အငှားချမယ်ဆိုရင်တောင် မန်ယူအသင်းက လုပ်ခပမာဏတချို့ကို ဆက်လက် ပေးချေသွားရဖို့ရှိပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013