Home
နိုင်ငံတကာ
အိုက်စလန်တွင် ငလျင်များ ဆက်တိုက်လှုပ်ပြီး မီးတောင်ပေါက်ကွဲနိုင်
DVB
·
November 13, 2023

ငလျင်တွေ ဆက်တိုက်လှုပ်ခတ်အပြီး မြေအောက်က ကျောက်ရည်ပူတွေ အမြန်ပြန့်ထွက်လာတွေ့ရအပြီး အိုက်စလန်ကျွန်းရဲ့ အနောက်တောင်ဘက်မှာ မကြာမီရက်ပိုင်းအတွင်း မီးတောင်ပေါက်ကွဲမယ့် အနေအထား ရှိနေလို့ အိုက်စလန်ကျွန်းနိုင်ငံက အာဏာပိုင်တွေ ပြင်ဆင်နေကြပါတယ်။

မြေအောက်က ကျောက်ရည်ပူ အရွယ်အစားနဲ့ ရွေ့လျားမှုနှုန်းတွေကြောင့် ရေးကျားနပ်စ် ကျွန်းဆွယ်မှာ မီးတောင်ပေါက်ကွဲနိုင်ခြေ ကြီးမားပြီး အန္တရာယ်ရှိတယ်လို့ အိုက်စလန်းဒစ် မိုးလေဝသဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ပြောခဲ့တာပါ။

အိုက်စလန် မြို့ပြကာကွယ်ရေးအေဂျင်စီက နေထိုင်သူ ၃,၀၀၀ လောက်ရှိတဲ့ တံငါမြို့  ဂရင်းဒါဗစ်ခ်ကို သောကြာကနေ စနေနေ့အတွင်း ဘေးကင်းရာဆီ လုံးဝ ရွှေ့ပြောင်းဖို့ ညတွင်းချင်း အမိန့်ပေးခဲ့ပါတယ်။

ရေးကျားနပ်စ်ဒေသဟာ မကြာသေးမီနှစ်တွေအတွင်း လူနေမထူထပ်တဲ့ နေရာတွေမှာ အကြိမ်များစွာ မီးတောင်ပေါက်ကွဲတာကို မြင်တွေ့ခဲ့ရပါတယ်။

အခုတကြိမ်မှာတော့ ဂရင်းဒါဗစ်မြို့ အနောက်တောင်ဘက် ပင်လယ်ကြမ်းပြင်ကနေ စတင်ပေါက်ကွဲနိုင်တယ်လို့ မိုးလေဝသဌာနက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024