DVB Logo
Home
မြန်မာသတင်း
နေပြည်တော် သူရဲကောင်းဗိမာန်တွင် ကျဆုံးစစ်သည်များအတွက်လုပ်မည့် အခမ်းအနား လူဦးရေ ကန့်သတ်
DVB
·
November 13, 2023
နေပြည်တော် သူရဲကောင်းဗိမာန်တွင် ကျဆုံးစစ်သည်များအတွက်လုပ်မည့် အခမ်းအနား လူဦးရေ ကန့်သတ်
Donate to DVB

နေပြည်တော် သူရဲကောင်းဗိမာန်မှာ ၁၀ ကြိမ်မြောက်ပြုလုပ်မယ့် ကျဆုံးစစ်သည်တွေအတွက် ဂုဏ်ပြုခြင်းအခမ်းအနားကို ကျဆုံးစစ်သည်များပြားတာကြောင့် လူဦးရေကန့်သတ်ထားတယ်လို့ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှုးရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဇေယျာသီရီမြို့နယ် သူရဲကောင်းဗိမာန်မှာ ဒီဇင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ကျဆုံးစစ်သည်များအတွက် ဂုဏ်ပြုခြင်းအခမ်းအနားကို လက်ရှိတိုက်ပွဲတွေ အနေအထားအရ တက်ရောက်မယ့်သူကို ကန့်သတ်ထားတာလို့ ဥတ္တရခရိုင်ရုံးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အရင်နှစ်နဲ့  အခုနှစ်က မတူဘူး။ အရင်နှစ်က ပစ်ခတ်မှုတွေရှိပေမဲ့ တပ်ဘက်ကသေတာ နည်းတယ်။ ရဲတွေ၊ အုပ်ချုပ်ရေးဘက်ကလူတွေပဲသေတာ၊ တက်တဲ့သူလည်းနည်းတယ်။ ဒီနှစ် တပ်ကသေတဲ့သူက နည်းမှမနည်းတာ၊ တပ်ရဲ့ပုံရိပ်ကျမှာစိုးလို့ လူဦးရေကန့်သတ်ဖို့လုပ်နေတယ်။ တရားဝင်တွေတော့ စာတော့ မထွက်သေးဘူး။" 

စစ်ကောင်စီက ကျဆုံးစစ်သည်များ ဂုဏ်ပြုခြင်းအခမ်းအနားကို နှစ်စဥ် ဒီဇင်ဘာလ အစောပိုင်းမှာ ပြုလုပ်လေ့ရှိပြီး စစ်မှုထမ်းဟောင်းတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ တပ်ထောက်ခံသူတွေ၊ အမျိုးသားရေးသမားတွေ တက်ရောက်လေ့ရှိတယ်လို့ စစ်မှုထမ်းဟောင်းတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"ကျဆုံးစစ်သည်မိသားစုဝင်တွေကို ဦးစားပေးသင့်တယ်။ လော်ဘီတွေ၊ တပ်ထောက်ခံသူတွေ၊ ကြံ့ဖွံ့တွေက ပေါ်ပင်ပါ။ ကန့်သတ်မယ်ဆိုလည်း ကန့်သတ်စရာပဲ၊ ဒီနှစ်ကျတဲ့စစ်သည်က ထောင်ဂဏန်းနည်းပါးရှိတယ်။"

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်က ဇေယျာသီရီမြို့နယ် သူရဲကောင်းဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ကျဆုံးစစ်သည်ဂုဏ်ပြုခြင်းအခမ်းအနားကို ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နေပြည်တော် ဇေယျာသီရီမြို့နယ်ရှိ သူရဲကောင်းဗိမာန်ကို စစ်ကောင်စီက ၂ဝ၁၇ ခုနှစ် မတ်၂၇ ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013