DVB Logo
Home
မြန်မာသတင်း
၇၅ နှစ်ပြည့် ကရင်အာဇာနည်နေ့ အမှတ်တရ အခမ်းနားကျင်းပ (ဓာတ်ပုံ)  
DVB
·
August 12, 2025
၇၅ နှစ်ပြည့် ကရင်အာဇာနည်နေ့ အမှတ်တရ အခမ်းနားကျင်းပ (ဓာတ်ပုံ)  
1 / 18
Donate to DVB

ဩဂုတ် ၁၂ ရက်မှာကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွေကို ကရင်ပြည်နယ်တွင်းမှာသာမက နိုင်ငံရပ်ခြားမှာပါ မျိုးချစ်စိတ်ရှိတဲ့ ကရင်ပြည်သူတွေက ကျင်းပခဲ့ကြပါတယ်။

ကရင်အာဇာနည်နေ့ အခမ်းအနားတွေကို ဘားအံခရိုင်၊ ကော်မှုးရာနယ်မြေ တပ်မဟာ ၇၊ လက်နက်ကိုင် တပ်ရင်း ၁၀၁ အပါအဝင် ကရင် လက်နက်ကိုင်တပ်ရင်း တပ်ဖွဲ့တွေမှာ ကကျင်းခဲ့သလို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ခွဲကဘောင်ကရင်အမျိုးသားအထက်တန်းကျောင်း၊ ဆာသူးလေအထက်တန်းကျောင်းနဲ့ ကရင်လူငယ်အစည်းအရုံး (KYO) တို့မှာလည်း ကျင်းပပါတယ်။

အခမ်းအနားတက်ရောက်တဲ့ ကရင်လူငယ်တွေက ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ လမ်းစဉ်အတိုက် ဆက်လက်ကိုက်စွဲသွားမယ့်အကြောင်း၊ ကရင်ပြည်နယ်ရရှိရေး၊ ကိုယ့်ပြည်နယ် ဒေသဖွံ့ဖြိုးရေးနဲ့ စာပေယဉ်ကျေးမှုတွေ၊ ရိုးရာတွေ မပျောက်ပျက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရန်သူ့လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ ဩဂုတ် ၁၂   ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး စောဘဦးကြီးနဲ့တကွ ဂုဏ်ရောင် ပြောင်မြောက်စွာ အသက်ပေးလှူသွားခဲ့ကြတဲ့ ကရင်သူရဲကောင်းတွေ အားလုံးကို ဂါရဝပြု ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013