DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် စစ်ကောင်စီစခန်း ၇ ခု သိမ်းပိုက်ခံရ
DVB
·
November 11, 2023
ကရင်နီပြည်နယ်တွင် စစ်ကောင်စီစခန်း ၇ ခု သိမ်းပိုက်ခံရ
Donate to DVB

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်းတို့ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒီကနေ့ မနက် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးဆင်နွှဲနေတဲ့  ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့  မဟာမိတ်တပ်ဖွဲဝင်တွေ ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဟာ ကယား (ကရင်နီ) ပြည်နယ်  မြို့တော်လွိုင်ကော်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီရဲ့ စခန်းတွေကို နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် ၆:၃၀ လောက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ် လွိင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနဲ့ နန်းစံခမ်းတို့ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်း ၇ ခုအား သိမ်းပိုက်ရရှိထားပြီး အခြားစခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆက်လက် တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကရင်နီပြည် လွိုင်ကော်မြို့ပြင်ပတ်လည်မှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီတပ်တို့ ဒီကနေ့ မနက်အစောပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။ 

ဒီတိုက်ပွဲကို operation 1111 လို့ နာမည်တပ် စစ်ဆင်ရေးလုပ်တာဖြစ်ပြီး လွိုင်ကော်အနီးတဝိုက်ကို စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ရေးချုပ် ခူးရီးဒူကတော့ “လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေရုပ်တုမှာ ငါတို့ဆုံကြမယ်။ ဒီအခြေအနေ၊ ဒီကာလ ရောက်ရှိဖို့ နေ့နေ့ညညစောင့်စားခဲ့ရတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လွိုင်ကော်ရှိပြည်သူတွေအနေနဲ့လည်း အပြင်ကို သွားလာခြင်းမပြုကြဖို့နဲ့ အထူးသတိထားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတိပေးထားပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013