DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ဖျက်သိမ်းလိုက်ရသည့် ပါတီ ၃ ခုထိရှိလာ
DVB
·
November 10, 2023
ရခိုင်ပြည်နယ်၌ ဖျက်သိမ်းလိုက်ရသည့် ပါတီ ၃ ခုထိရှိလာ
Donate to DVB

စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ချမှတ်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကြောင့် ရခိုင်မှာ ဖျက်သိမ်းလိုက်ရတဲ့ပါတီ ၃ ခုအထိ ရှိလာတယ်လို့ ပါတီတာဝန်ရှိသူတွေကနေ သိရပါတယ်။

လက်ရှိ ဖျက်သိမ်းပြီးဖြစ်တဲ့ ပါတီတွေကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီနဲ့ မြိုတိုင်းရင်းသားပါတီတို့ပဲ ဖြစ်ပါတယ်။

ဖျက်သိမ်းလိုက်ရတဲ့ ပါတီ ၃ ခုထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီနဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီတွေက ကော်မရှင်ထံမှာ ပါတီဆက်လက်ရပ်တည်ဖို့ မှတ်ပုံတင် လျှောက်ထားတာမရှိလို့ ဖျက်သိမ်းခံလိုက်ရတာဖြစ်ပြီး မြိုတိုင်းရင်းသားပါတီကတော့ မှတ်ပုံတင်ခွင့်ကျပြီးနောက်ပိုင်း ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

မြိုတိုင်းရင်းသားပါတီရဲ့ တာဝန်ရှိသူတဦးက “ဖျက်လိုက်ရတာက သတ်မှတ်ရုံးခန်း မဖွင့်နိုင်တဲ့ အခက်အခဲကြောင့်ပါ။ မြို့နယ် ၅ ခုလောက်မှာ ရုံးခန်းဖွင့်နိုင်ရမယ်ဆိုတဲ့အပေါ် ကျနော်တို့ဘက်က မလုပ်နိုင်ဘူး။ ကျနော်တို့လူတွေက နယ်ဘက်တွေမှာပဲရှိတော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက အသစ်ချမှတ်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်မှာ မှတ်ပုံတင်ခွင့်ကျပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ရက်ပေါင်း ၁၈၀ အတွင်း မိမိယှဉ်ပြိုင်မယ့် တိုင်းဒေသကြီး/ပြည်နယ်အတွင်းက မြို့နယ်အားလုံးရဲ့ တဝက်လောက်မှာ ရုံးခန်းတွေ ဖွင့်လှစ်နိုင်ရမယ်လို့ ပါရှိပါတယ်။

ဖျက်သိမ်းခံ ALD ပါတီကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို အယုံအကြည် မရှိတာကြောင့် ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့လို့ ပါတီဖျက်သိမ်းလိုက်တာဖြစ်ပြီး ကမန်အမျိုးသားပါတီကတော့ ကော်မရှင်ရဲ့ နည်းဥပဒေသစ်ကြောင့် ဖျက်သိမ်းခဲ့ရတာပါ။

ကမန်အမျိုးသားတိုးတက်ရေးပါတီက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးတင်ငွေကတော့ ပါတီဖျက်သိမ်းလိုက်ပေမဲ့ အမျိုးသားရေးနဲ့ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်က ဆက်လက် လုပ်ဆောင်နေဆဲလို့ ပြောပါတယ်။

ရခိုင်မှာ နိုင်ငံရေးပါတီ ၆ ပါတီလောက် ကော်မရှင်ထံ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး အဲ့ဒီထဲက ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင်ဦးဆောင်ပါတီ (AFP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ဖျက်သိမ်းလိုက်ရတဲ့ မြိုတိုင်းရင်းသားပါတီနဲ့ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ပါတီတွေဟာ မှတ်ပုံတင်ခွင့်ကျခဲ့ပေမဲ့ ရခိုင့်အမျိုးသားပါတီ(ANP) ကတော့ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်မကျသေးဘဲ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013