DVB Logo
Home
အားကစား
ပြန်ပေးဆွဲခံရသည့် လူးဝစ်ဒီယက်ဇ်၏ဖခင် ပြန်လွတ်လာ
DVB
·
November 10, 2023
ပြန်ပေးဆွဲခံရသည့် လူးဝစ်ဒီယက်ဇ်၏ဖခင် ပြန်လွတ်လာ
Donate to DVB

လီဗာပူးတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူဟာ ပြန်ပေးဆွဲခံရပြီး ၁၂ ရက် အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒီယက်ဇ်ရဲ့ဖခင် မန်နူရယ်ဒီယက်ဇ်ကို ကိုလံဘီယာနိုင်ငံက အကြမ်းဖက်အဖွဲ့သတ်မှတ်ထားတဲ့ ELN အဖွဲ့က ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး ၁၂ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာပါ။

မန်နူရယ်ဒီယက်ဇ်ကို ကတ်သလစ်ဘုရားကျောင်းနဲ့ ကုလသမဂ္ဂအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လူသာချင်းစာနာမူကော်မရှင်က သွားရောက်ခေါ်ဆောင်ခဲ့တာပါ။

ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်လာခဲ့ပြီးနောက် ကိုလံဘီယာ-ဗင်နီဇွဲလားနယ်စပ်နဲ့အနီးစပ်ဆုံးမြို့မှာ စစ်ဆေးမှုတွေလုပ် ဆောင်ပေးခဲ့ပါတယ်။

အသက် ၅၈ နှစ်ရှိ ဒီယက်ဇ်ရဲ့ဖခင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက်က ပြန်ပေး ဆွဲခံခဲ့ရတာဖြစ်ပြီး ကနဦးမှာ ဒီယက်ဇ်ရဲ့ မိခင်လည်းပါဝင်ခဲ့ပေမဲ့  သိပ်မကြာခင် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013