
အသင်းနဲ့ ကစားသမားတွေအပေါ် ကာကွယ်ပေးရမယ့် တာဝန်ရှိကြောင်း အာဆင်နယ်နည်းပြ မီခခေးလ်အတေတာက ပြောပါတယ်။
အာတေတောဟာ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ VAR ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အရှက်ရစရာကိစ္စဖြစ်ကြောင်း ဝေဖန်ခဲ့တာပါ။
ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ အသင်းနဲ့ ကစားသမားတွေအပေါ် အကောင်းဆုံးဖြစ်နိုင်သမျှနည်းလမ်းနဲ့ ကာကွယ်နိုင်ဖို့ အသင့်ရှိကြောင်း နည်းပြအာတေတာက ပြောပါတယ်။
နယူးကာဆယ်နဲ့ပွဲစဉ်မှာ ဂေါ်ဒွန် ကန်သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ မယုံကြည်နိုင်စရာကောင်းသလို ရှက်စရာလည်းကောင်းကြောင်း နည်းပြအာတေတာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters










