DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ပိတ်မည်ဟု  ကရင်နယ်ခြားစောင့်တပ် BGF ခြိမ်းခြောက် 
DVB
·
November 6, 2023
ထိုင်းနယ်စပ်ပိတ်မည်ဟု  ကရင်နယ်ခြားစောင့်တပ် BGF ခြိမ်းခြောက် 
Donate to DVB

ထိုင်းဘက်ခြမ်းက ရဲအရာရှိတွေဟာ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်‌ ဒေသထဲထိ ဝင်ရောက်ပြီး လိုင်းကြေးကောက်ခံနေတာကြောင့် ကရင်နယ်ခြားစောင့်တပ် BGF က မကျေနပ်ဘဲ နယ်ခြားဂိတ်တွေ ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း One News ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်ကတော့ မဲဆောက်မြို့နယ် ဝမ်းကျောက်ကျေးရွာက  နယ်စပ်ဂိတ်နဲ့ မယ်လမတ်မြို့နယ် ဝမ်းဖာကျေးရွာက နယ်စပ်ဂိတ် ၂ ခုကို  ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအမိန့်နဲ့ နိုဝင်ဘာ ၄ ရက်ကစ ၃ လတာကာလထိ ထိုင်းဘက်ခြမ်းက နိုင်ငံခြားသားတွေ၊ အထူးသဖြင့် ထိုင်းနဲ့ တရုတ်ကို ဝင်ခွင့်မပြုတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

အခုလို ပိတ်ပင်ရတဲ့အကြောင်းရင်းမှာ ထိုင်းရဲတွေက ရွှေကုက္ကိုလ်ဒေသမှာ တရုတ် အပါအဝင် တခြားနိုင်ငံခြားသားတွေ သွားရောက်ပြီး ကာစီနိုလောင်းကစားတာ၊ ကေတီဗွီရုံ သွားတာတွေရှိတာကြောင့် ပြဿနာမဖြစ်ချင်ရင် ၁ ဦးကို ဘတ် ၁၀၀၀ မှ ၁၅၀၀ ထိကောက်ခံခဲ့ကြောင်း၊ ဒီလဆန်းထဲမှာတော့ ဘတ် ၃၀၀၀ ထိ တိုးမြှင့်ကောက်ခံလာတဲ့အတွက် BGF ဘက်က မကျေနပ်ဘဲ အဆိုပါနယ်စပ်ဂိတ်တွေ ပိတ်လိုက်တယ်လို့ ဆိုပါတယ်။ 

အခုလို နယ်စပ်ပိတ်လိုက်ခြင်းဖြင့် နှစ်နိုင်ငံကြား ရောင်းဝယ်ဖောက်ကားနေသူတွေအတွက် အခက်အခဲဖြစ်စေပြီး ထိုင်းရဲတပ်ဖွဲ့ပုံရိပ်ကိုလည်း ထိခိုက်စေတာကြောင့် အမှတ် ၆ တိုင်းဒေသ ရဲချုပ်က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး နယ်မြေထဲ ကွင်းဆင်းစစ်ဆေးစေခဲ့ပါတယ်။ 

မဲဆောက်မြို့နယ်နဲ့ မယ်လမတ်မြို့နယ် ရဲတပ်ဖွဲ့ကို စစ်ဆေးချက်အရ ထိုင်းရဲဝန်ထမ်းတွေ အဆိုပါရွှေကုက္ကိုလ်ဒေသထဲထိ သွားရောက်ပြီး လိုင်းကြေးကောက်တာတွေ မရှိကြောင်း၊ နယ်စပ်ဂိတ် ၂ ခုကို BGF ဘက်က ပိတ်ထားတယ်ဆိုတာလည်း မဟုတ်မှန်ကြောင်း အမှတ် ၆ တိုင်းဒေသ ရဲဌာနချုပ် ဒုရဲမှူးချုပ် ဆမာဖွဏ်း လွတ်ဖိုအိထောင်းန်ကသတင်းထောက်တွေကို ပြောပါတယ်။

ရွှေကုက္ကိုလ်ဒေသခံတစ်ဦးကတော့ ထိုင်းရဲ ၁၀ ဦးခန့် အဲဒီမှာ လိုင်းကြေး သွားကောက်နေတာ မှန်ကန်တယ်၊ အရင်က တောင်းနေကျထက် အခုက နှစ်ဆပိုတောင်းလို့  BGF ဘက်က နယ်စပ်ဂိတ်ပိတ်မယ်လို့  ခြိမ်းခြောက်ထားကြောင်း သတင်းထောက်ကို ပြောကါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013