Home
နိုင်ငံတကာ
အာဖရိကနှင့် အသုံးဝင်မည့် ကုန်သွယ်ရေး ကြိုးပမ်းနေဟု အမေရိကန်ကိုယ်စားလှယ်ပြော
DVB
·
November 5, 2023

အမေရိကန်ပြည်ထောင်စုဟာ အာဖရိကနဲ့ ပိုအသုံးဝင် ထိရောက်တဲ့ ကုန်သွယ်ရေးအစီအစဉ်အတွက် ကြိုးစားနေတယ်လို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ကဲ့သရင်းတိုင်က နိုဝင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။

ဆယ်စုနှစ် ၂ ခု သက်တမ်းရှိတဲ့ အခွန်ကင်းလွတ်ရေး ပဏာမခြေလှမ်းကို မွမ်းမံပြင်ဆင်ဖို့ တောင် အာဖရိကနိုင်ငံ၊ ဂျိုဟန်နာစဘက်မြို့မှာ ဆွေးနွေးနေချိန်မှာ ခုလို ပြောလိုက်တာပါ။

အရည်အချင်းပြည့်မီတဲ့ နိုင်ငံတွေဆီက ပို့ကုန်တွေကို အမေရိကန်ဈေးကွက်ဆီ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုတဲ့ အာဖရိက တိုးတက်ရေးနဲ့ အခွင့်အလမ်း အက်ဥပဒေ (AGOA) ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ သက်တမ်းတိုးဖို့နဲ့ ဖြစ်နိုင်ခြေ ရှိတဲ့  ပြုပြင် ပြောင်းလဲမှုတွေကို အဓိကထားဆွေးနွေးနေတာပါ။

AGOA အက်ဥပဒေကို ၂၀၀၄ နှင့် ၂၀၁၅ တို့မှာ ၂ ကြိမ်ပြန်ခွင့်ပြုခဲ့ပြီး ပါပြီ။ 

တတိယအကြိမ် ခွင့်ပြုဖို့ ဖြစ်နိုင်ချေနဲ့ အစီအစဉ်ရဲ့ အနာဂတ်တို့ကို တိုင်က အာဖရိက ကုန်သွယ်ရေးဝန်ကြီးတွေနဲ့ သုံးရက်ကြာ ဆွေးနွေးခဲ့ပါတယ်။

အာဖရိကအစိုးရတွေဟာ AGOA မှာ တစုတစည်းတည်းသော ရပ်တည်ချက်ကို ဆက်သွယ် ပြောဆိုခဲ့ပြီး အများစုက ဆယ်နှစ်သက်တမ်းတိုးဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ တောင်အာဖရိက ကုန်သွယ်ရေးဝန်ကြီး အီဘရာဟင်မ် ပတေးလ်က ပြောခဲ့ပါတယ်။

တရုတ်ကုန်ထုတ်လုပ်မှုအပေါ် မှီခိုနေရတာကို လျှော့ချဖို့ ကုမ္ပဏီတွေရဲ့ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ တွန်းအားပေးမှုကို အာဖရိကက အခွင့်ကောင်းယူမယ်ဆိုရင် အမေရိကန် စီးပွားရေးအသင်းအ ဖွဲ့တွေက AGOA အပေါ် သေချာမှု ရှိရမယ်လို့ အမေရိကန် စီးပွားရေး အဖွဲ့အစည်းတွေက ပြောခဲ့ပါတယ်။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024