DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်၌ ကျပ်သိန်း ၁,၅၀၀ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ စီးကရက်များ ဖမ်းမိ
DVB
·
November 2, 2023
ဘူးသီးတောင်၌ ကျပ်သိန်း ၁,၅၀၀ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ စီးကရက်များ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ပန်ဇင်းတံတားအနီးမှာ နိုဝင်ဘာ ၁ ရက် မနက် ၁၀ နာရီလောက်က ကာလတန်ဖိုး ကျပ်သိန်း ၁,၅၀၀ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ စီးကရက်တွေ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် တာဝန်သူတွေဆီက သိရပါတယ်။

“သတင်းအရ စောင့်ဆိုင်းဖမ်းဆီးတာ။ ဘူးသီးတောင်ကနေ တဖက်နိုင်ငံကို ပို့ဆောင်မယ့် အကောက်ခွန်မဲ့ စီးကရက်ဖာတွေ တင်ဆောင်လာတဲ့ စက်လှေတစီး ထွက်ခွာလာတယ်လို့ အတိအကျ သတင်းရထားတော့ တာဝန်ရှိသူတွေက စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြတာ။ စက်လှေမှာ စီးကရက်ဖာက ၂၅၀ ပါတယ်။ ကာလတန်ဖိုးနဲ့ဆို သိန်း ၁,၅၀၀ ကျော်မယ်။ ဖမ်းမိတဲ့လူတွေက စက်လှေသမားတွေပါ။ သူတို့ကိုစစ်ပြီး ပိုင်ရှင်တွေကို ဖမ်းမိဖို့ ကြိုးစားနေတယ်။”

ဖမ်းဆီးရမိသူတွေမှာ မင်းပြားမြို့နယ်၊ ကြောင်ရှည်ကျေးရွာက ပဲ့နင်း မောင်ဦးကျော်သန်း၊ လှေလုပ်သား မောင်လှဝင်းနဲ့ ဦးသန်းညွန့်တို့ဖြစ်ကြပြီး စက်လှေပေါ်က ကာလတန်ဖိုး ကျပ်သိန်း ၁,၅၀၀ ကျော်တန်ဖိုးရှိ ORIS အမျိုးအစား စီးကရက်ဖာ ၂၅၀ ကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဘူးသီးတောင်ဒေသခံ ကုန်သည်တဦးက “ပြည်ပက တရားမဝင် သယ်ဆောင်လာတာ ဘူးသီးတောင်ကိုရောက်မှ ဖမ်းမိတာပေါ့။ တရုတ်နိုင်ငံဘက်က သယ်ဆောင်လာတုန်းက ဖမ်းမမိကြဘူးလား။ စစ်တွေမှာဆို တရားမဝင် သိုလောင်ထားတဲ့ စီးကရက်ဂို‌ဒေါင်တွေ အများကြီးပဲ၊ ဝင်ဖမ်းပါလား။ အခုက ဘူးသီးတောင်နဲ့ မောင်တောက ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်အောင် တမန်ဖန်တီးပြီး ဖမ်းဆီးနေကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်က စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ စီးကရက်မျိုးစုံ သိုလှောင်ထားတဲ့ ဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ဘူးသီးတောင်မှာ စီးကရက်တွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ဘူးသီးတောင်မြို့မရဲစခန်းမှာ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ နဲ့ အမှုဖွင့် အရေးယူထားပြီး ဆက်စပ်သူတွေ ဖမ်းဆီးရမိရေး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013