DVB Logo
Home
မြန်မာသတင်း
မဏိပူရတွင်  ရဲအရာရှိ ၁ ဦး အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသား ၃၂ ဦး ဖမ်းဆီးခံရ
DVB
·
November 2, 2023
မဏိပူရတွင်  ရဲအရာရှိ ၁ ဦး အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသား ၃၂ ဦး ဖမ်းဆီးခံရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ ရဲအရာရှိတယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၃၂ ဦးအပါအဝင် ၄၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့  Hindustan Times  အိန္ဒိယ သတင်းစာမှာ ဖော်ပြပါတယ်။

မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့က ရဲအရာရှိတဦး ချုံခိုတိုက်ခိုက် အသတ်ခံရပြီး နောက်တနေ့မှာ မိုးရေးမှာရှိတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးနှစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းဖို့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ မိုးရေးရဲစခန်းက အရာရှိတဦးဖြစ်တဲ့ အနန်ကူးပါးနဲ့အဖွဲ့ဟာ စာသင်ကျောင်းမှာ ရဟတ်ယာဉ်ကွင်း တည်‌ဆောက်ဖို့အတွက် ကျောင်းသန့်ရှင်းရေးနဲ့ ပတ်သက်လို့ လာရောက်ကြည့်စဉ် ချုံခိုတိုက်ခိုက်ခံရပြီး အရာရှိ အနန်ကူးပါး သေဆုံးခဲ့တဲ့အပြင် တခြားရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးနောက်  မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးခဲ့သလို အကြမ်းဖက်မှုတွေ လုပ်‌ဆောင်နေတဲ့သူတွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ‌ လှုံ့ဆော်ပေးနေတယ်လို့ ထင်ရတဲ့အတွက် မိုးရေးမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

မဏိပူရပြည်နယ်မှာ မေလက စတင်ဖြစ်ပွားခဲ့တဲ့ ကူကီးလူမျိုးစုနဲ့ ကသဲလူမျိုးစုတို့ရဲ့ လူမျိုး‌ရေး အကြမ်းဖက်ကိစ္စတွေကြောင့် လူပေါင်း ၁၇၅ ဦးသေဆုံးပြီး ၅၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှရောက်ရှိလာတဲ့ အကြမ်းဖက်သမားတွေကြောင့် ဖြစ်တယ်လို့ မဏိပူရအစိုးရက စွပ်စွဲလေ့ရှိပြီး ရဲအရာရှိကို သတ်တဲ့သူတွေကလည်း မြန်မာနိုင်ငံထဲကို ထွက်ပြေးသွားနိုင်တယ်လို့  ယုံကြည်တဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Source/Photo - Hindustan Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013