
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။
ကနေဒါနိုင်ငံသားဟာ ဘိုင်ယန်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်က အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။
ဘယ်နောက်ခံလူ ဒေးဗီးစ်အတွက် ပေါင် ၃၄ သန်းကနေ ၄၄ သန်းအထိကုန်ကျနိုင်ပြီး ရီးရဲလ်ဘက်က ပေးချေဖို့ အဆင်သင့်ရှိကြောင်း စပိန်သတင်းစာရယ်လီဗိုက ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်ကစားသမား တိုနီခရူးစ်ကို ဘိုင်ယန်မြူးနစ်ကနေ ခေါ်ယူခဲ့သလို သြစတြီးယားနောက်ခံလူ ဒေးဗစ်အလာဘာကိုလည်း ဘိုင်ယန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။
Photo - Reuters










