DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင် မြန်မာနိုင်ငံသား ၁၅၃ ဦး အပါအဝင် ၂၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
November 1, 2023
မလေးရှားတွင် တရားမဝင် မြန်မာနိုင်ငံသား ၁၅၃ ဦး အပါအဝင် ၂၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မလေးရှာနိုင်ငံ၊ နီဂရီဆန်လီယမ်ပြည်နယ်မှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၅၃ ဦး အပါအဝင် ၂၁၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ‌မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ ပူးပေါင်းပြီး နီဂရီဆန်လီယမ်ပြည်နယ်မှာ အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ၅ ရက်ကြာ စစ်ဆင်ရေး ၇၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၁၅၃ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၈ ဦး၊ အိန္ဒိယနိုင်ငံသား ၄ ဦး၊ ပါကစ္စတန်နိုင်ငံသား ၄ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးတို့ကို ဖမ်း‌ဆီးရမိခဲ့ပါတယ်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှူးက “စစ်ဆင်ရေး ၇၄ ကြိမ်နဲ့ နိုင်ငံခြားသား ၁,၅၉၇ ဦးကို စစ်ဆေးခဲ့ပါတယ်။ အဲ့ထဲက လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံခြားသား ၂၁၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေမှာ အသက် ၂ နှစ်မှ ၁၇ နှစ်အတွင်း မြန်မာနိုင်ငံသား ကလေးငယ် ၁၀ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ကလေးငယ် ၁ ဦး ပါပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ပို့ဆောင်ထားပြီး တရားမဝင် ဝင်ရောက်ခြင်း၊ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းနဲ့ လူစုလူဝေးနဲ့ နေထိုင်ခြင်းတို့အတွက် တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ၊ ဂျိုဟာပြည်နယ်မှာ အောက်တိုဘာ ၁၈ ရက် ညပိုင်းကလည်း တရားမဝင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦး အပါအဝင် ၁၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Photo - မလေးလူဝင်ကြီးကြပ်ရေးဌာန (JIM)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013