DVB Logo
Home
နိုင်ငံတကာ
ကနေဒါအစိုးရက တရုတ်ကုမ္ပဏီပိုင် WeChat App ကို တားမြစ်ပိတ်ပင်
DVB
·
November 1, 2023
ကနေဒါအစိုးရက တရုတ်ကုမ္ပဏီပိုင် WeChat App ကို တားမြစ်ပိတ်ပင်
Donate to DVB

ကနေဒါအစိုးရဟာ ဆိုက်ဘာလုံခြုံရေးအန္တရာယ်ကြောင့် အစိုးရကသုံးဖို့ တရားဝင်ထုတ်ပေးတဲ့ စက်ပစ္စည်းတွေမှာ တရုတ်စူပါအက်ပလီကေးရှင်းဖြစ်တဲ့ WeChat သုံးစွဲခွင့်ကို အောက်တိုဘာ ၃၁ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။

ဗီဒီယိုအတိုလေးတွေကို မျှဝေတဲ့ အက်ပ်ဖြစ်တဲ့ TikTok ကို အခုနှစ်အစောပိုင်းက အလားတူ အရေးယူခဲ့ပြီး အခုတခါ WeChat သုံးစွဲခွင့်ကိုလည်း ကန့်သတ် တားမြစ်လိုက်တာပါ။

မနေ့က စတင်အကျုံးဝင်တဲ့ နောက်ဆုံးတားမြစ်ချက်ထဲမှာ ရုရှား ဗိုင်းရပ်စ်နှိမ်နင်းရေး ပရိုဂရမ်တွေ ထုတ်လုပ်တဲ့ ကတ်စ်ပါစကီလက်ဘ်ကထုတ်တဲ့ အက်ပ်လီကေးရှင်းတွေလည်း ပါဝင်ပါတယ်။

WeChat နဲ့ ကတ်စ်ပါစကီ အပလီကေးရှင်းတွေဟာ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးအတွက် လက်မခံနိုင်တဲ့ အန္တရာယ်အဆင့်ကို တင်ပြထားတယ်လို့ ကနေဒါရဲ့ သတင်းအချက်အလက် အရာရှိချုပ်က ဆုံးဖြတ်တဲ့အကြောင်း ပြည်သူ့အုပ်ချုပ်ရေးကို ကြီးကြပ်တဲ့ ကနေဒါဘဏ္ဍာရေး ဘုတ်အဖွဲ့က ကြေညာချက် ထုတ်ပြန် ဖော်ပြထားပါတယ်။

မိုဘိုင်းကိရိယာတခုမှာ အပလီကေးရှင်းနှစ်ခုလုံးရဲ့ ဒေတာစုဆောင်းမှု နည်းလမ်းတွေဟာ စက်ပစ္စည်းရဲ့ အကြောင်းအရာတွေကို “အလွန်အမင်းဝင်ရောက်ခွင့်” ပေးထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အစိုးရသတင်းအချက်အလက်တွေကို အပေးအယူလုပ်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့လည်း သူက ထပ်ပြောပါတယ်။

လောလောဆယ်မှာ ကနေဒါအစိုးရ ဝန်ထမ်း ဆဲလ်ဖုန်းအသုံးပြုသူတွေက သူတို့သုံးလက်စ အက်ပ်တွေကို ဖယ်ရှားရမှာဖြစ်ပြီး အနာဂတ်မှာတော့ အဲဒီအက်ပ်တွေကို ဒေါင်းလုဒ်လုပ်လို့ မရအောင် ပိတ်ဆို့သွားမှာပါ။

WeChat ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အက်ပ်တွေထဲက တခုပါ။ တခါတလေ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ Snapchat နဲ့ PayPal အားလုံးကို တခုတည်းအဖြစ် ပုံဖော်ထားပါတယ်။

အဓိကအားဖြင့် တရုတ်ပြည်မကြီးက သုံးစွဲသူ ၁ ဘီလီယံကျော်ဟာ အစားအသောက်တွေကို မှာယူတာကအစ ယောဂသင်တန်းကို ကြိုစာရင်းသွင်းတာအထိ အရာအားလုံးနီးပါးလုပ်ဖို့ WeChat လူမှုကွန်ရက်ကို မှီခိုအားထားနေပါတယ်။

ဖေဖော်ဝါရီလမှာ ကနေဒါအစိုးရဟာ ဆိုက်ဘာလုံခြုံရေးကို စိုးရိမ်လို့ ပေကျင်းအခြေစိုက် ByteDance ကော်ပိုရေးရှင်းကပိုင်တဲ့ TikTok ကို အစိုးရကထုတ်ပေးတဲ့ မိုဘိုင်းလ်ပစ္စည်းတွေကနေ ပိတ်ပင်ခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013