
အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ ဒက်စ်ကလန်ရိုက်စ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေးကြဖို့ ပရိသတ်တွေကို ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က တောင်းဆိုသွားပါတယ်။
အာဆင်နယ်အသင်းဟာ လိဂ်ရှုံးထွက် ဖလားမှာ ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံနေပြီး ဒက်ကလန်ရိုက်စ်က အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်သွားရဖို့ရှိနေတာပါ။
ရိုက်စ်ဟာ နှစ်ပေါင်း ၅၀ လောက်အတွင်းမှာ အသင်းကို ဥရောပဆုဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဆိုကို သိရှိဖို့လိုအပ်ပြီး ပရိသတ်တွေရဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုမှုနဲ့ ထိုက်တန်ကြောင်း နည်းပြမိုယက်စ်က ပြောပါတယ်။
အသက် ၂၄ နှစ်ရှိ ရိုက်စ်ဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့တုန်းက ဝက်စ်ဟမ်းကနေ ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဝက်စ်ဟမ်းအတွက် စုစုပေါင်း ၂၄၅ ပွဲ အထိ ကစားခဲ့ပါတယ်။
Photo - Reuters










