အမေရိကန်နဲ့ စစ်ရေးအရ ဆက်ဆံမှု တိုးမြှင့်မယ်လို့ တရုတ်နိုင်ငံရဲ့ ဒုတိယအဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိ ကျန်းယိုးရှာက အောက်တိုဘာလ ၃၀ ရက်မှာ ကတိပြုခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ နိုင်ငံတချို့ကိုလည်း စွပ်စွဲခဲ့ပါတယ်။
အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်းဖှုကို မတ်လမှာ ဝန်ကြီးအဖြစ် ခန့်အပ်ခံပြီးကတည်းက တရုတ်နဲ့ အမေရိကန်တို့ကြားမှာ စစ်ဘက်ဆိုင်ရာ တိုက်ရိုက်ဆက်သွယ်မှု မရှိခဲ့ပါဘူး။
လီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံခဲ့ရပြီး အစားထိုးမယ့်သူကို တရုတ်က အမည်မဖော်ပြသေးပါဘူး။
နှစ်လကြာ ပျောက်ဆုံးနေတဲ့ လီဟာ အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ ပြီးခဲ့တဲ့လက ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးကျယ်ဆုံး စစ်ရေးသံတမန်ရေးရာ နှစ်ပတ်လည်ပြပွဲဖြစ်တဲ့ ပေကျင်းမြို့တော်က ရှန့်ရှန်း ဖိုရမ်ကို ကာကွယ်ရေးဝန်ကြီး မပါဘဲ အောက်တိုဘာ ၂၉ ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။
Source/Photo - Reuters