DVB Logo
Home
နိုင်ငံတကာ
အစ္စရေးတောင်ပိုင်းရှိ ရေတပ်စခန်းသို့ ဝန်ကြီးချုပ်သွားရောက်
DVB
·
October 30, 2023
အစ္စရေးတောင်ပိုင်းရှိ ရေတပ်စခန်းသို့ ဝန်ကြီးချုပ်သွားရောက်
Donate to DVB

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုဟာ နိုင်ငံတောင်ပိုင်းက နိုင်ငံရဲ့ ဆဌမမြောက် အကြီးဆုံးမြို့ အက်ရှ်ဒေါ့မှာရှိတဲ့ တောင်ပိုင်းကဏ္ဍ ရေတပ်အခြေစိုက်စခန်းဆီ အောက်တိုဘာ ၂၉ ရက်က သွားခဲ့ပါတယ်။ 

နေတန်ယာဟုဟာ အစ္စရေးရေတပ်က တပ်ဖွဲ့တွေနဲ့ တွေ့ဆုံပြီး နိုင်ငံကို ကာကွယ်ရေးလုပ်ငန်းတွေ အတွက် နှုတ်ခွန်းဆက်ခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာမှာ မြေပြင်စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်နေပြီး တိုက်လေယာဉ်တွေကလည်း ဟားမတ်စ်ပစ်မှတ် ရာနဲ့ချီကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

ဒါဟာ သီတင်းပတ် ၃ ပတ်ကြာ စစ်ပွဲရဲ့ ဒုတိယအဆင့်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

ဂါဇာကမ်းမြောင်ကို အစ္စရေးက တိုက်ခိုက်လို့ ဒေသခံ အယောက် ၈,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၃၀ ရက် မနက် အယ်လ်ဂျားဇီးယား သတင်းမှာ ဖော်ပြပါတယ်။

ဗလီ ၄၇ လုံးနဲ့ ခရစ်ယာန် ဘုရားကျောင်း ခုနစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဂါဇာက ပါလက်စတိုင်း အစိုးရက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း စာသင်ကျောင်း ၂၀၃ ကျောင်းနဲ့ အစိုးရရုံး ၈၀ ပျက်စီး ခဲ့တယ်လို့ ဂါဇာမီဒီယာရုံးက ပြောပါတယ်။ 

အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ရာ အလုံးရေ နှစ်သိန်းနှစ်သောင်း ပျက်စီးခဲ့ပြီး အဆောက်အအုံ ၃၂,၀၀၀ က လုံးလုံး ပျက်စီးသွားခဲ့တယ်လို့ ဂါဇာမီဒီယာရုံးရဲ့ ဒါရိုက်တာ ဆာလာမာ မာရွတ်ဖ်ကို ကိုးကားပြီး အယ်လ်ဂျားဇီးယား အာရဗီသတင်းမှာ ဖော်ပြခဲ့ပါတယ်။

IDF တိုက်လေယာဉ်တွေဟာ ဂါဇာကမ်းမြှောင်က ဟားမတ်စ်တို့ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုစင်တာတွေ၊ စောင့်ကြည့်ရေး စခန်းတွေနဲ့ တင့်ကားဒုံးကျည်ပစ်လွှတ်ရေးစခန်းတွေ အပါအဝင် ဂါဇာကမ်းမြောင် ဒေသက စစ်ဘက်ဆိုင်ရာပစ်မှတ် ၄၅၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013