DVB Logo
Home
အားကစား
Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းကျားသစ်မယ် ဘရော်နီကာ အနိုင်ရ
DVB
·
October 30, 2023
Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းကျားသစ်မယ် ဘရော်နီကာ အနိုင်ရ
Donate to DVB

ထိုင်းနိုင်ငံ၊ လော့ပ်ဘူရီမြို့မှာ အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ Thai Fight မွေထိုင်းလက်ဝှေ့ပွဲမှာ  ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ‌ထိုင်းနာမည်ကြီးလက်ဝှေ့မယ်  ဖာယာဆင်းဂါးကို အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဘရော်နီကာဟာ ကျန်းမာရေးမကောင်းလို့ ဆေးသွင်းပြီးမှယှဉ်ပြိင်ထိုးသတ်ရပေမဲ့ ပွဲစကတည်းက တံတောင်၊ လက်သီးအားတွေ အသုံးပြုပြီး အသာစီးကစားခဲ့ပြီး ၃ ချီပြည့်ပြီးချိန်မှာ အမှတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲ အနိုင်ရရှိတာအပါအဝင်  ဘရော်နီကာဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၁၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘရော်နီကာနဲ့ထိုးသတ်ခဲ့တဲ့ ဖာယာဆင်းဂါးဟာ ၆၈ ပွဲ ထိုးသတ်ထားပြီး ၅၇ နိုင် ၆ ပွဲသာ ရှုံးထားတဲ့ ထိုင်းနာမည်ရ လက်ဝှေ့မယ် ဖြစ်ပါတယ်။

ဘရော်နီကာဟာ ဇွန် ၁၈ ရက်က Thai Fight ပြိုင်ပွဲမှာ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ် သီရသီဖုန်းကို အနိုင်ရရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013