DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်တိုက်ပွဲတွင် စစ်သား ၄၀‌ ကျော်သေ၊ ဗိုလ်ကြီးအပါအဝင် ၃ ဦး အရှင်ဖမ်းမိ
DVB
·
October 29, 2023
ရှမ်းမြောက်တိုက်ပွဲတွင် စစ်သား ၄၀‌ ကျော်သေ၊ ဗိုလ်ကြီးအပါအဝင် ၃ ဦး အရှင်ဖမ်းမိ
Donate to DVB

ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အမြောက်အများနဲ့ ဗိုလ်ကြီးအဆင့် ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီဘက်က အယောက် ၄ဝ ထက်မနည်း သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၃ က အင်အား ၇ဝ လောက်ပါတဲ့ စစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားနယ်မြေထဲကို ဝင်ရောက်လာတာကြောင့် တိုက်ပွဲ ၁ နာရီ ကျော်ကြာဖြစ်ခဲ့ပြီး တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အယောက် ၂ဝ လောက် သေဆုံးပြီး ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နီးစပ်ရာကျေးရွာတွေထဲကို ထွက်ပြေးသွားခဲ့တယ်လို့ စစ်ဆင်ရေးမှာပါဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် BPLA က ထုတ်ပြန်ပါတယ်။

ဒေသခံပြည်သူလူထုလုံခြုံရေးအတွက် ကျေးရွာတွေထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်ကူနဲ့ ခက်ခက်ခဲခဲ ရှင်းလင်းခဲ့ရပြီး ညနေ ၅ နာရီလောက်မှာတော့ တိုက်ပွဲကိုအဆုံးသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကနေ စစ်ကောင်စီတပ်သား အလောင်း ၄၀ ကျော်ရပြီး ဗိုလ်ကြီး နေလင်းအောင် အပါအဝင် စစ်သုံ့ပန်း ၂ ယောက်ကို အရှင်ဖမ်းဆီး နိုင်ခဲ့တယ်လို့ တပ်ဖွဲ့ပြန်ကြားရေးဆီက သိရပါတယ်။

BPLA တပ်တော်ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက “ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို နှိပ်စက်သတ်ဖြတ်ခြင်း လုံးဝပြုလုပ်မှာ မဟုတ်ပါဘူး။ စစ်သုံ့ပန်းဥပဒေအရပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားမှာပါ။ တိုက်ပွဲတွင်း စစ်ကောင်စီ သေဆုံးမှုကို Dead Body နဲ့ပဲ အတည်ပြုပါတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အမ်အေစီးရီး ရိုင်ဖယ် အလက် ၃၀၊ စက်ကလေး ၃ လက်၊ ၄၀ မမ ၆ လက်နဲ့ ကျည် ၈၀၊ ၆၀ မမ ၂ လက်နဲ့ ကျည် ၆၀၊ ၈၀ မမ ၁ လက်၊ ၁၀၀ မမ ၂ လက်နဲ့ ကျည် ၁၀၊ RPG ၂ လက်နဲ့ ကျည် ၁၀၊ ပစ္စတို ၂ လက်၊ Icom စက် ၃ လုံး၊ Drone detector ၁ ခု၊ WiFi Router ၁ ခု တို့ကိုလNF; သိမ်းဆည်းရမိခဲ့သလို BPLA တပ်တော်ဘက်က တပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးခဲ့ရပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုလင်းလင်းက “ကျဆုံးတဲ့ရဲဘော် ၄ ဦးရဲ့ သက်ဆိုင်ရာ မိသားစုတွေကိုလည်း ဆက်သွယ်ပြီးပါပြီ။ ရက်လည်ဆွမ်းသွပ် ကောင်းမှုလုပ်ပေးနိုင်ဖို့လည်း ကျနော်တို့ တပ်ဘက်ကနေ နိုင်သလောက်တော့ ကူညီပေးထားပါတယ်ဗျ” လို့ ပြောပါတယ်။

လက်ရှိမှာ BPLA တပ်တော်ဟာ စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် ညီနောင် မဟာမိတ် ၃ ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရေးရည်မှန်းချက်တွေ ပြည့်မြောက် အောင်မြင်တဲ့အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ဆိုပြီး အောက်တိုဘာ ၂၇ ရက်နေ့ ကနဦးတိုက်ခိုက်မှုတခုမှာလည်း စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ ရိုင်ဖယ် ၇ လက်၊ တခြားပစ္စည်းတွေ ရရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013