
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူကို အောက်တိုဘာ ၂၉ ရက် အစောပိုင်းမှာ ရောက်လာပါတယ်။
နီပေါဝန်ကြီးချုပ် ပွတ်ရှ်ပါး ခါမယ်လ် ဒါဟယ်လ် ပရာချန်ဒါရဲ့ ဖိတ်ကြားချက်အရ လာခဲ့တဲ့ ၄ ရက်ကြာ ခရီးစဉ်ဟာ ကုလအတွင်းရေးမှူးချုပ် တာဝန်ယူပြီးတဲ့နောက် နီပေါနိုင်ငံဆီ ပထမဆုံး လာရောက် လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဂူတာရက်စ်ဟာ နီပေါလွှတ်တော်မှာ မိန့်ခွန်းပြောမှာဖြစ်ပြီး ၀န်ကြီးချုပ် ပရာချန်ဒါ၊ သမ္မတ ရမ်ချန်ဒရာ ပေါ်ဒယ်အပြင် တခြားအကြီးတန်းအရာရှိတွေနဲ့ အပြန်အလှန်တွေ့ဆုံမယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters











